'မြေး... နိုးနေပြီလား.....ညကညဥ့်နက်မှအိပ်တာဆိုတော့ကောင်းကောင်းအိပ်ပျော်ရဲ့လား´
အိပ်ခန်းမှအထွက် အဖွားက ဆီးကြို၍မေးလာသည်။
'ကောင်းကောင်းအိပ်ပျော်ပါတယ် အဖွားရဲ့´
အဖွားကိုလိမ်ညာပြောလိုက်ခြင်းသာ။အမှန်ဆို ညကတစ်စက်ကလေးမှ ကောင်းကောင်းမအိပ်ခဲ့ရဘူးဆိုတာ ကိုယ်စောင့်နတ်ကလွဲ၍မည်သူသိလိမ့်။
အိပ်ခါစတုန်းကတော့ ပတ်ဂျီမင်းက ဟိုဘက်အဖျားကိုတိုးအိပ်တာ သူနဲ့ကိုယ့်ကြား မြစ်တစ်စင်းခြားထားသလို။
မကြာပါဘူးဇာတိကပြလာရော။ခြေထောက်နဲ့ကန်လိုက်၊လက်နဲ့ဆံပင်ကိုလာဆွဲလိုက်နဲ့ အိမ်မက်ထဲသိုင်းချနေသလားမှတ်ရတယ်။
သူ့ဘာသာအိပ်ရေးဆိုးပြီးကုတင်ပေါ်ကပြုတ်ကျသွားလို့ နံရံနဲ့ကပ်လျှက်အတွင်းဘက်ကို ချီပြီး နေရာပြောင်းပေးလိုက်ရသေးသည်။အောက်ပြုတ်ကျတာတောင် လူကနိုးမလာဘူး။နိုးမှခါးနာရင် လူကိုမဟုတ်ကဟုတ်ကစွတ်စွဲလိမ့်အုံးမယ်။
'အဖွား ဘယ်သွားမလို့လဲ´
အဖွားကခြင်းတောင်းကိုလက်ဖြင့်ဆွဲကာ အပြင်သွားရန် ဖိနပ်ကိုစီးရင်းပြန်ဖြေလာသည်။
'ခြံထဲဆလပ်ရွက် သွားခူးမလို့ပါမြေးရယ်...´
'ယွန်းဂျီကို သွားခိုင်းလိုက်ပ့လားအဖွား...
အော် ..ဒါနဲ့...မနေ့ညထဲက ယွန်းဂျီကိုမမြင်မိဘူးလားလို့´'ဟုတ်တယ်ငါ့မြေးရေ..ယွန်းဂျီက မနက်ဖြန်နှစ်သစ်ကူးဆိုတော့ သူ့မိသားစုဆီပြန်သွားတယ်...ဒါကြောင့်အဖွားကိုယ်တိုင် ခြံထဲသွားခူးလိုက်အုံးမယ်´
ယွန်းဂျီက အဖွားကိုအိမ်အလုပ်တွေကူလုပ်ပေးဖို့ ငှားထားတဲ့သူဖြစ်သည်။
'ပေးအဖွား..သားသွားခူးပေးမယ်´
'အိမ်း....ဒီကလေးကတော့.....´
အဖွားဆီက အဖြေကိုမစောင့်ပဲ ခြင်းတောင်းကို အတင်းယူလာကာ ခြံထဲသို့လျှောက်လာလိုက်သည်။
ခြံဆိုလို့ တစ်ခြားတစ်နေရာကို တမင်သက်သက်သွားရခြင်းမဟုတ်ပဲ အိမ်နောက်ဖေးမြေကွက်လပ်ကျယ်ကြီးပေါ်တွင် သီးပင်စားပင်များစွာစိုက်ပျိုးထားခြင်းဖြစ်သည်။
YOU ARE READING
🍀Clover🍀
Fiksi PenggemarClover အိမ်ယာဝန်းထဲမှာနေထိုင်ကြတဲ့ လူဇိုးလေးနှစ်ယောက်အကြောင်း.... #crdphotos