ပြေးထွက်သွားတဲ့ သေးသေးကွေးကွေးပုံရိပ်လေးက နှလုံးသားတစ်ခုလုံးယူဆောင်သွားသလိုပဲ.....
ကြောက်သွားပြီလား ကိုကို.....
ဒီတစ်ခေါက် ထွက်သွားရင်ရော ပြန်လာပေးမယ်မလား.......
ဖမ်းဆုပ်မထားတတ်ပေမဲ့ စောင့်မျှော်နေတတ်တဲ့သူမို့
အချိန်တန်ရင်တော့ ဒီရင်ခွင်ရှိရာခိုနားလှည့်ဖို့ သတိရပေးပါ....
.
.
.
.
.
'အဖိုးလီ......အလုပ်များနေလား?´'ဟော....ကောင်စုတ်လေး......မျက်စိလည်လာတာလား....အခုတလောဆိုင်ကိုမလာဖြစ်ရအောင် ဘာတွေအလုပ်ရှုပ်နေတာလဲကွ´
အဖိုးလီက ဂျီမင်းကိုစေ့စေ့စပ်စပ်ကြည့်ကာ 'အခုတလော ပိန်သွားသလိုပဲ...နေမကောင်းဘူလား..´'အာ....မဟုတ်ပါဘူး....ဒီတလောစိတ်ရှုပ်စရာလေးနည်းနည်းရှိလို့ပါ....အဖိုးလီ ထယ်ယောင်းအကြောင်းပြောပြပေးပါ့လား´
ဂျီမင်းစကားကိုကြားတော့ အဖိုးလီ အလုပ်လုပ်နေရာမှ ခဏမျှငြိမ်သက်သွားပြီး ပုံမှန်အတိုင်းပြောလာတယ်။ကောင်စုတ်လေး တစ်နေ့နေ့ ထိုသို့မေးလာမယ်ဆိုတာ အစကတည်းက ကြိုတွက်ထားပြီးသားပါ။သူနဲ့သခင်လေးပတ်သတ်မှုရှိကြောင်း ဘယ်အချိန်က သိသွားသည်တော့ သူမသိ။
'သခင်လေးအကြောင်းလား......ဘာလို့များသိချင်ရတာလဲကွယ်......
ကံကြမ္မာရဲ့မျက်ကွယ်ပြုခံထားရတဲ့လူတွေထဲကတစ်ဦးပေါ့......
လပြည့်ညလိုသာယာမယ်ထင်ထားခဲ့ပေမဲ့ အမှတ်မထင်တိမ်းဆိုင်တိမ်ရိပ်တို့ဖုံးကွယ်ခဲ့လို့ လပြည့်ညတန်မဲ့ မှောင်မိုက်ခဲ့ရတယ်.....
ပျော်ရွှင်စရာဆိုတာမျှဝေလို့ကောင်းပေမဲ့ ဒဏ်ရာတွေကတော့ ခဏခဏတူးစွရင် ခံရသူအတွက်နာကျင်ရစမြဲမို့ သခင်လေးနှုတ်ကလိုလိုလားလားပြောလာတာကိုစောင့်လိုက်ပါ.....ဟုတ်ပြီလား´
.........ထယ်ယောင်းကပန်းခြံခုံတန်းပေါ်ထိုင်ကာ စီးကရတ်အပိုင်းတိုလေးကို သစ်သားခုံတန်းနဲ့တေ့ကာမီးငြိမ်းနေသည်။
အနောက်တိုင်းကုတ်ဝတ်စုံကို ဝတ်ထားပုံကိုကြည့်ခြင်းအားဖြင့် အပြင်မှအပြန် အခန်းသို့မပြန်ဘဲပန်းခြံထဲမှာဝင်ထိုင်နေခြင်းဖြစ်ပုံရသည်။
YOU ARE READING
🍀Clover🍀
FanfictionClover အိမ်ယာဝန်းထဲမှာနေထိုင်ကြတဲ့ လူဇိုးလေးနှစ်ယောက်အကြောင်း.... #crdphotos