~ 𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 ~
ရုံးပိတ်ရက်တစ်ရက်
မိုးဖွဲဖွဲလေးကျနေတုန်း တွေးမိတာက သူမအကြောင်း..
သူမ..အင်း..ကျွန်တော့်ရဲ့အချစ်ဦးအမှောင်ချထားတဲ့ ဧည့်ခန်းရှေ့မှာ ထိုင်ရင်း
သူမအကြောင်းရေးထားတဲ့
ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ကိုထိုင်ဖတ်နေမိတယ်။အချိန်ကိုကြည့်တော့ မနက်၉နာရီခွဲပြီ
သူထိုင်ဖတ်နေတာ တစ်နာရီခွဲလောက်ရှိနေပြီပဲ
သူဘယ်လောက်ဖတ်ဖတ်မရိုးတဲ့စာအုပ်လေး။ကျွန်တော့်နာမည် Jeon Jungkook
အသက်က ၂၅နှစ်ရှိပြီ။
မိဘတွေနဲ့ အိမ်ခွဲနေပြီးတော့
ကိုယ်ပိုင်ကုမ္ပဏီမှာ CEO ရာထူးရှိသူတစ်ယောက်
"သူမ" ဆိုတဲ့သူတော့ "Joo Sungwon" ကျွန်တော့်ကတော့ Sung လို့ပဲခေါ်တယ်Sung ကကျွန်တော့်အပေါ် သစ္စာဖောက်ခဲ့တာ ကျွန်တော်မထင်ထားမိဘူး သူ့ကိုလက်ထပ်တဲ့အထိပါ ရည်မှန်းထားတာ သူကတော့ အိပ်ရာပေါ်မှာ အခြားယောင်္ကျားလေးတစ်ယောက်နဲ့...တွေးမိတိုင်းကို ရင်နာတယ်ဗျာ..
အခုတော့ သူမ' မရှိတော့ဘူး ကျွန်တော့်ကို ထားခဲ့ပြီးသူ့အကောင်နဲ့အတူ နိုင်ငံခြားကိုထွက်သွားပြီ။ရယ်တော့ရယ်ရသား ကျွန်တော့်အပေါ် သူဒီလိုလုပ်ခဲ့တာတောင် ကျွန်တော်သူ့ကိုမမုန်းနိုင်သေးဘူး။ကျွန်တော်သူ့ကိုမေ့ဖို့ကြိုးစားနေဆဲပါ..
တွေးနေရင်းနဲ့ပင် စားပွဲဝိုင်းပေါ်က ကော်ဖီခွက်လေးတောင် အငွေ့တွေပြယ်လို့အေးစက်သွားပြီပဲ။
ဟိုဘက်ခြံကနေ အသံကြားလို့ မှန်ပြတင်းပေါက်ရဲ့ လိုက်ကာလေးကို အသာလေးဟကြည့်မိတော့ မိသားစုတစ်စု။
ကြည့်ရတာအိမ်ပြောင်းလာကြပုံ..
တစ်ယောက်ထဲနေချင်လို့ မိဘတွေနဲ့တောင်အတူမနေတာကို ဘေးဖက်အိမ်ကပြောင်းလာကြပြီ။စိတ်ရှုပ်လာသည်မို့ ဆက်မကြည့်တော့ပဲ လိုက်ကာစကိုဖယ်ဖို့လုပ်လိုက်သည့်အချိန်မှာ..
"လှလိုက်တာ"
သူတောင်သတိမထားမိပါဘဲနဲ့ ပါးစပ်ကနေ လှစ်ခနဲထွက်သွားသည်မှ တိုးရုံမျှပင်မဟုတ် တိုးသည်ထက်ကိုပင်ပိုသည်။
YOU ARE READING
𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (ᴄᴏᴍᴘʟᴇᴛᴇ)
Fiksi Penggemarကိုယ်ချစ်ရမှာကို ကြောက်နေမိတယ် ဒါပင်မယ့် ကိုယ်ထပ်ချစ်မိခဲ့တယ် အဲ့ဒါမင်းပဲကလေးငယ် -Jungkook အတိတ်ကိုမေ့လိုက်စမ်းပါဗျာ ကျွန်တော်ကခဗျားမျက်နှာတစ်ကမ္ဘာလုပ်ပြီး ချစ်ပေးမှာမို့လို့ ကျွန်တော့်ကိုပဲယုံကြည်ပေးပါ -Taehyung 7.3.2023 - 12.4.2023