𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (2)

2.2K 145 22
                                    

~ 𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 ~

"Ding dong..Ding dong..Ding dong"

Jungkook မနက်စာစားနေတုန်း အိမ်ရှေ့က Bell တီးသံ
ထိုင်နေရာမှထကာ တံခါးသွားဖွင့်တော့ ဘယ်သူပါလဲ မြင်ဖူးသလိုလိုနဲ့
‌ကိုယ်နဲ့သူနှစ်ယောက်လုံး အချင်းချင်းကြောင်ကြည့်နေမိရာမှ

"ဦးလေး..."

ပြောလေဆိုသည့်အကြည့်ဖြင့်ကြည့်လိုက်ရာမှ

"ဆန်မုန့်.."

"မနေ့ကမှ အိမ်ပြောင်းလာတာပါ Kim Taehyung လို့ခေါ်.."

"Jungkook... Jeon Jungkook"

"အာ..ဟုတ်ကဲ့ ဒီမှာပါ ဆန်မုန့်ဘူး..ဘူး"

"ဒုန်း.."

"ဘာလား ယဉ်ကျေးမှုမရှိလိုက်တာ စကားကိုဆုံးအောင်တောင်နားမထောင်ဘူး"

Kim Taehyung ကတော့ အိမ်အပြင်မှာ ပွစိတတ်နေသလောက် Jungkookကတော့

*ဒီကလေး..စကားကြောကရှည်တာ ပြီးတော့ ငါ့ကိုများ ဦးလေးကြီးတဲ့ ငါအဲ့လောက်တောင် အိုနေလို့လား*

‌Jungkook တွေးလက်စအား ဖြတ်၍ စားစရာရှိတာသာဆက်စားနေလိုက်သည်။

Taehyung ဆန်မုန့်တွေဝေပြီးလို့ အိမ်ပြန်ရောက်တော့ ရေချိုးပြီး ပေါ့ပေါ့ပါးပါး ရှပ်အင်္ကျီအဖြူနဲ့ ဘောင်းဘီပေါင်တို အမဲလေးကိုသာ ဝတ်လိုက်သည်။

‌ခေါင်းသုတ်နေတုန်း အတွေးထဲဝင်လာတာက ဟိုလူ..

"မဆိုးပါဘူး ချောသားပဲ"

သတိလက်လွတ် ပြုံးနေရင်း ‌ပြောမိလိုက်တော့

*ဟာ..ငါဘာတွေတွေးနေတာလဲ ပေါက်ကရတွေ ရှုး..ရှုး..သွား အဲ့အတွေးတွေထုတ်ပစ်"

"သားရေ..ညစာစားမယ်"

Omma ခေါ်ပြီပဲ

"လာပြီ..Omma"

ညစာစားပြီလို့ Appa က TV ကို စိတ်ဝင်စားစွာနဲ့ထိုင်ကြည့်နေတော့ ဘာကြည့်နေလဲ စပ်စုရာမှ

ဟင်..ယုန်ကာတွန်း..!
အဲ့ယုန်ကဘာကြီးလဲ စကားလည်းမပြောဘဲနဲ့ Appa ကဘာတွေကြိုက်နေတာ

"ဟား..ဟား..ဟား.."

Taehyung စဉ်းစားနေတုန်း Appa ၏ရယ်သံကြီးကြောင့် လန့်၍ တုန်တတ်သွားရသည်။

𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now