𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (9)

1.3K 77 28
                                    

~ 𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 ~

"တင်လ်...တင်လ်...တင်လ်"

'ဘုန်း...'

"အ့....ကျွတ်..ကျွတ်..ကျွတ် နာတာကွာ ဘယ်ကောင်ဆက်တာလဲကွ"

'ဂျီလုံး'

"ဟယ်လို ထယ်ထယ် မထသေးဘူးလား"

"အေးကွ ညကသောက်တာများသွား..."

ပြောနေတုန်း တရိပ်ရိပ်ပေါ်လာသော ညကအဖြစ်အပျက်များ ဒါ ဒါဆို သူသိသွားတာပေါ့

"အား...ရှီးဘားလ်"

"ဘာကွ...ချီးမို့လာဆဲတာလား"

"မင်းကိုဆဲတာမဟုတ်ပါဘူးကွာ ဒါနဲ့ မင်းအခုတလောပျောက်နေတယ်နော်"

"အေးကွ အလုပ်တွေပုံရင်း အခုဂျယ်ဂျူဘက်ရောက်နေတာ စက်ရုံကိစ္စနဲ့ အခုမင်းကိုသတိရလို့ဖုန်းလှမ်းဆက်လိုက်တာ"

"အော့ အော့...တော်စမ်းပါကွာ ဘာလွမ်းတာ အခုမှဖုန်းလာဆက်ပြီးတော့"

"မင်းဘက်ကလည်းဆက်ပေါ့ကွ ငါလည်းငါ့ဟာနဲ့ငါမအားလို့ ဟွန့်"

"အမယ် အေးပါ ဒီလိုကြတော့လည်း ငါ့မိန်းမလေးကအလိုက်သိတတ်ချက် အဲ့တာကြောင့်ချစ်တာ မွ..မွ..မွ"

"ဟေ့ကောင် ကြက်သီးထစရာတွေလာမလုပ်နဲ့ အူး...ပြောရင်းနဲ့တောင် ယားလာသလိုလိုပဲ"

"ဟွန့်... ဒါပဲကွာ"

"အွန်း..အွန်း"

'တူ.....'

အားးး ငါဘယ်မျက်နှာသွားပြရမှာလဲ ချီးလိုပဲ အဲ့လိုမှန်းသိမသောက်ပဲနေလိုက်ပါတယ်ကွာ အခုတော့ မထလို့မရဘူး ဒီနေ့သွားမှရမှာ မနေ့ကလည်းပျက်ထားသေးတာကို
ချီးပဲကွာ..တောက်ခ်
ဖွာလန်နေသော ဆံပင်များကို စိတ်ရှုပ်စွာ ထပ်ဖွ၍ ဦးတည်ရာက ရေချိုးခန်းဆီသို့..

ဘာမှတော့မပြောလောက်ဘူးမလား တကယ်လို့တွဲမယ်လို့ပြောရင်ရော အာ...မဖြစ်နိုင်တာ မသိချင်ယောင်ဆောင်နေရင်ရော မျက်နှာမပြရဲပါဘူးဆို ဘယ်လိုမသိချင်ယောင်ဆောင်ရမှာလဲ ဟားးးး စိတ်ရှုပ်လာပြီ တော်ပြီကွာ သူစကားစပြောမှပဲပြန်ပြောတော့မယ်

ရေချိုးခန်းမှန်ရှေ့တွင် သွားတိုက်သပွတ်တံတန်းလန်းနှင့် တစ်ယောက်ထဲအတွေးများနေသော Taehyung

𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now