~ 𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 ~
1 year later
အရာရာဟာ ပြောင်းလဲသွားခဲ့ပြီး Joo Sungwon တစ်ယောက်ကတော့ ထောင်ထဲရောက်ပြိးသိပ်မကြာဘူး နှိပ်ဆက်ခံတာတွေမခံနိုင်လို့သူ့ကိုယ်သူသတ်သေသွားခဲ့တယ်
သူတို့နှစ်ယောက်ရဲ့အချစ်တွေက မပြောင်းလဲတဲ့အပြင် ပိုလို့တောင်တိုးလာတာတော့အမှန်ပင်
သူတို့ရဲ့ချစ်သူသက်တမ်းငါးလပြည့်မှာပဲ Jungkook က Taehyung ကိုလက်ထပ်ခွင့်လိုက်တောင်းပြီး တစ်ပတ်အကြာတွင် လူသိရှင်ကြားမိဘစုံလင်စွာဖြင့်သူတို့လက်ထပ်လိုက်ကြသည်။
Jungkook မိဘတွေလည်းပါတာပေါ့ သူတို့လည်းသူတို့သားကိုအပြစ်မမြင်တော့ပါဘူး အကုန်လုံးနားလည်လိုက်ပါပြီ။ပြီးတော့ ဂျီမင်ရဲ့ကောင်လေးက ဘာဂီဆိုလား တဂီဂီနဲ့ ခေါ်နေတာပဲ ဂျီမင်က ဪ..ယွန်းဂီ မင်ယွန်းဂီ သူတို့ကတော့စောသေးလို့တဲ့ စေ့စပ်ထားရုံပဲရှိသေးတယ် ချေလိုက်တာများ အိပ်ရာမျက်နှာတစ်ကမ္ဘာလုပ်နေတာ တော်သေးတာပေါ့ သူ့ဟာလေးရှိလို့မဟုတ်ရင် အိပ်ရာနဲ့များညားသွားမလားပဲ
ဒီနေ့ဟာ နေ့ထူးနေ့မြတ်မို့လို့လားမသိ ကောင်းကင်ဟာကြည်လင်နေသည်
ဟီး...ကိုကိုတော့ဒီသတင်းကြားရင်ပျော်သွားမလားပဲလွန်ခဲ့တဲ့သုံးရက်လောက်က သူမူမမှန်တာကိုသတိထားမိလို့ စိတ်ထင့်နေတဲ့အရာကိုသွားစစ်ကြည့်တော့ သူ့မှာမျက်ရည်ကျမတက်ပဲ
ဟုတ်ပါတယ် သူဆေးသောက်ခဲ့တယ် ကိုကို့မျိုးဆက်အတွက်ပဲလေ
နာကျင်ရမယ်ဆိုရင်တောင်ကိုကိုပျော်ရင်ရပြီ
အခုဆိုရင် ဆရာဝန်ပြောအရ ကလေးလေးက သူ့ရဲ့ဗိုက်ဆူဆူလေးထဲမှာ လေးပတ်တောင်ရှိနေပြီတဲ့PaPa ကလေးလေးရေ ခနပဲစောင့်နော် မင်း Daddy သာသိရင်ဘယ်လောက်တောင်ပျော်နေလိုက်မလဲ အခုတော့ သူ့ကိုအရင်စာပို့ထားရမယ်
'ကိုကို စောစောပြန်လာခဲ့နော်'
'ဟုတ်ပါပြီ ကိုယ့်မိန်းမလေးရဲ့ ညကြမှနော် ဟင်း ဟင်း"
'ဘာမိန်းမလဲ ခဗျားနော်'
'ဘာခဗျားလဲ အကြီးကိုနော်'
'ပြောလေကဲလေ တော်ပြီ'
'ဟုတ်ပါပြီ စောစောပြန်လာခဲ့မယ်နော်'

YOU ARE READING
𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (ᴄᴏᴍᴘʟᴇᴛᴇ)
Fanficကိုယ်ချစ်ရမှာကို ကြောက်နေမိတယ် ဒါပင်မယ့် ကိုယ်ထပ်ချစ်မိခဲ့တယ် အဲ့ဒါမင်းပဲကလေးငယ် -Jungkook အတိတ်ကိုမေ့လိုက်စမ်းပါဗျာ ကျွန်တော်ကခဗျားမျက်နှာတစ်ကမ္ဘာလုပ်ပြီး ချစ်ပေးမှာမို့လို့ ကျွန်တော့်ကိုပဲယုံကြည်ပေးပါ -Taehyung 7.3.2023 - 12.4.2023