𝐅𝐢𝐧𝐚𝐥

2K 88 65
                                    

~ 𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 ~

သုံးလတောင်ကြာခဲ့ပြီ ကျွန်တော်တစ်ယောက်ထဲဖြစ်နေရတာ
ကျွန်တော့်ဟာလေးကိုအရမ်းလွမ်းတာပဲ
ကိုယ့်ဆီကိုပြန်မလာတော့ဘူးလား ကလေးငယ်
ကိုယ်စောင့်နေတယ်လေကွာ

အချိန်အားဖြင့် မနက်၈နာရီ
ထယ့်ဆီကိုဝင်ရအုံးမယ်
ကော်ဖီလေးတစ်ခွက်သောက်ပြီး
တစ်နေရာကိုအရင်သာတန်းမောင်းမိသည်

ထိုနေရာကပန်းဆိုင်လေးတစ်ခု
သူနေ့တိုင်းလာဝယ်နေကြ..

"အစ်မရေ...."

"နှင်းဆီပန်းအဖြူတစ်စည်းပဲမလား မောင်‌လေး"

"အာ...ဟုတ်ကဲ့ဗျ"

"မောင်လေးက နှင်းဆီပန်းကြိုက်တယ်တဲ့တူတယ် နေ့တိုင်းလာဝယ်တယ်နော်"

"မဟုတ်ပါဘူးဗျာ ကျွန်တော့်ကောင်လေးအတွက်ပါ"

"အို့...ဒီခောတ်လူငယ်တွေများ ချစ်တတ်လိုက်တာ ဒီကအပျိုကြီးကတော့အားကျရုံမှတစ်ပါးမတတ်နိုင်ဘူး"

"ဟား..ဟား..ဒီလိုပါပဲဗျာ"

ပန်းဆိုင်ရှင်ကိုဘာပြန်ပြောရမလဲ မသိတာကြောင့် ရယ်သာပြလိုက်သည်

"သွားခွင့်ပြုပါအုံး"

"ကျေးဇူးတင်ပါတယ်ကွယ် နောက်လည်းလာအားပေးပါအုံး"

"Nae.."

‌ထယ့်ကိုတွေ့ချင်လှပြီ မြန်မြန်သွားမှ..
လွမ်းနေခဲ့တာ အဲ့ဒီ့မျက်နှာလေးကို နေ့တိုင်းသွားတွေ့တာတောင် လွမ်းနေတုန်းပဲ
ပိုတယ်ပဲပြောပြော ဘာပဲပြောပြော Jeon Jungkook တို့ဂရုမစိုက်ပါ

အဆောက်အအုံတစ်ခုသို့အရောက် ခြေလှမ်းတွေဟာမြန်လာသည်
ဧည့်ကြိုတွေရော မန်နေဂျာရော လျှောက်လမ်းမှာရှိတဲ့ ဆရာဝန်တွေရော သူ့ကိုတွေ့တာနဲ့ ပြုံးပြတယ် သူ့ကိုအခုဆိုမသိတဲ့သူမရှိတော့..

အခန်း(127) ကိုဖွင့်ကြည့်လိုက်တော့ ကုတင်ပေါ်လှဲလျောင်းနေသည့် သူချစ်ရတဲ့သူ့ကလေးငယ်
စားပွဲပေါ်မှ နှင်းဆီဖြူတို့မှာလည်း ညှိုးလို့..
ညှိုးနွမ်းနေသော နှင်းဆီပန်းကို ယူကာ ပန်းအသစ်များကို လဲလိုက်သည်

𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now