~ 𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 ~
ဒီနေ့မှာအရာရာဟာ အရင်လိုပုံမှန်အတိုင်းဖြတ်သန်းနေဆဲ
ပြောင်းလဲသွားတာကတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး
စကားပြောရင်တောင် အလုပ်အကြောင်းအပြင်မပိုတော့ပဲ
မျက်လုံးချင်းစုံသွားရင်တောင် အကြည့်လွှဲရင်း မသိချင်ယောင်ဆောင်ကြသည်Taehyung ကတော့ ငါဖွင့်ပြောမိတာမှားပြီလားပေါ့
ကောင်းကျိုးမပေးတဲ့ဘီယာ နောက်တစ်ခါလုံးဝမသောက်ဘူးကွာJungkook ကတော့ ငါမသိချင်ယောင်ဆောင်နေမှရမယ်
အဲ့လိုလုပ်ရင်း ဒီကလေးငါ့ကိုသံယောဇဉ်ပြတ်ချင်ပြတ်သွားမှာအထင်လွဲနေတဲ့သူရယ် အထင်လွဲအောင်လုပ်နေတဲ့သူရယ်
>>>>>>>>>>>>>>>>>>>>
"Taehyung ကော်ဖီ"
"ဗျာ ဟုတ်ကဲ့"
ခနအကြာ..
"ကော်ဖီရပါပြီ CEO"
"အင်း ကျေးဇူး"
ခေါင်းငြိမ့်ပြကာ မိမိအလုပ်ကိုဆက်လုပ်နေလိုက်သည်
အလုပ်လုပ်ရင်း မျက်ရိုးတွေကိုက်လာတာကြောင့် လက်ညိုးနဲ့လက်မကိုသုံးပြီး မျက်ရိုးအားအသာအယာနှိပ်ရင်း အချိန်ကိုကြည့်လိုက်တော့ ၁၁နာရီ ၅၅မိနစ်အင်း...ငါအလုပ်လုပ်တာအဲ့လောက်တောင်ရှိသွားပြီလား
ငါထလိုက်ရင်ကောင်းမလား ဗိုက်တောင်ဆာလာပြီ
CEO တောင်မထသေးဘူး ငါသွားထရင်ကောခံရမှာသေချာပေါက်ပဲ
တစ်ယောက်ထဲဟိုလှုပ်ဒီလှုပ်နဲ့ အတွေးများနေတုန်း"Taehyung.."
"ဗျာ"
"Canteen သွားနှင့်လိုက် ငါဒီမှာလက်စသတ်နေလို့"
"ဟုတ်ဟုတ် ခွင့်ပြုပါအုံး"
ဟူး တော်ပါသေးရဲ့ မဟုတ်ရင် အသက်ရှုကြပ်ပြီးသေသွားနိုင်တယ်
Canteen ရောက်တော့ ဝန်ထမ်းတွေနဲ့အတူ ရယ်ရယ်မောမော စကားပြောနေတဲ့ Taehyung
ရုတ်တရက်ခံစားလိုက်ရတာက အေးစက်လာတဲ့ခံစားချက်
ထိုကြောင့် စကားပြောရင်း တစ်ယောက်မှကြားဖြတ်ကာ"ဟဲ့ နင်တို့အေးလာတယ်လို့မထင်ဘူးလား"
"အေးနော် ချမ်းစိမ့်စိမ့်လေးနဲ့"

YOU ARE READING
𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (ᴄᴏᴍᴘʟᴇᴛᴇ)
Fanfictionကိုယ်ချစ်ရမှာကို ကြောက်နေမိတယ် ဒါပင်မယ့် ကိုယ်ထပ်ချစ်မိခဲ့တယ် အဲ့ဒါမင်းပဲကလေးငယ် -Jungkook အတိတ်ကိုမေ့လိုက်စမ်းပါဗျာ ကျွန်တော်ကခဗျားမျက်နှာတစ်ကမ္ဘာလုပ်ပြီး ချစ်ပေးမှာမို့လို့ ကျွန်တော့်ကိုပဲယုံကြည်ပေးပါ -Taehyung 7.3.2023 - 12.4.2023