𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (8)

1.2K 76 9
                                    

~ 𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 ~

"အဲ့တာခဗျားပဲလေ အရူးကြီးရဲ့"

"ဟင်"

"ဟင်မနေနဲ့ အဲ့တာတောင်မသိဘူးလား ဟမ် အရူးကြီး ဒီလောက် အသိအသာကြီးကိုတောင် သတိမထားမိဘူး"

"ကဲပြော ချစ်လား"

"ဘာ..ဘာကိုလဲ"

"ကျွန်တော့်ကို ချစ်လားလို့မေးနေတယ်လေ..!!!"

'ဒုန်း..ဒုန်း..ဒုန်း'

စားပွဲခုံကိုထုကာ ‌အော်ဟစ်၍ ချစ်လားမေးနေသော Taehyung ရယ်ပါ

"ငါ...မချစ်ဘူး..."

နောက်ဆုံးတွင် သိသာစွာအဖျားဆွတ်၍တိမ်ဝင်သွားသော သူ့အသံ

"ခလော..ခလော"

ပြောချင်ရာပြော၍ ခုံပေါ်ခေါင်းလှဲကာ အိပ်ပျော်သွားသော Taehyung အား Jungkook အတော်အတန်ကြာ ‌ငေးကြည့်နေမိသည်။

ကောင်လေးကိုသေချာကြည့်မိမှ ကောင်လေးကသိပ်လှတာပဲ နေ့တိုင်းမြင်နေကြဆိုပင်မယ့် ချောတဲ့ထဲတော့ပါသည့်ရုပ် သို့ပင်မယ့် အခုနဲ့မတူ စိုက်ကြည့်နေမိလို့များလား..?
ကော့တက်နေတဲ့ မျက်တောင်‌ရှည်တွေရယ် ချွန်မြမြနှာခေါင်းလေးရယ် ကကြီးပုံနှုတ်ခမ်းလှလှလေးရယ် ပြီးတော့ နှာခေါင်းထိပ်က မှဲ့နက်ကလေး..
သူတစ်ခါမှသတိမထားခဲ့မိပါ ထိုမှဲ့နက်လေးကသိပ်ကိုချစ်စရာကောင်းတာတော့ Jungkook ဝန်ခံပါတယ်။

စားပွဲပေါ်သို့ ခေါင်းတင်၍ Taehyung အားထပ်မံစိုက်ကြည့်ကာ နှစ်ကိုယ်ကြားအသံဖြင့်

"ငါမင်းကိုမချစ်ဘူး...မဟုတ်ဘူး မချစ်ရဲတော့တာ တကယ်လို့မင်းကငါ့ကိုထားသွားရင်ရော ဟင့်အင်း ငါကြောက်တယ် မင်းကချစ်စရာကောင်းပါတယ် ဒါပင်မယ့် ငါမချစ်ချင်ဘူး"
ထိုစကားများကိုအိပ်ပျော်နေသည့် Taehyung ကတော့ကြားမည်မထင်

>>>>>>>>>>>>>>>>>>>

"အာရီဂူး"

ခန္ဓာကိုယ်ကပေါ့သားပဲ နောင်ဆိုအစားများများကျွေးမှ
Taehyung ကိုချီ၍ဆိုဖာပေါ် ကျကျနနတင်ပေးပြီ စောင်ခြုံပေးလိုက်သည်

'ဟင်း...'

လေးလံစွာသက်ပျင်းရှည်ကြီးချပြီးနောက် အိမ်သို့သာပြန်လာလိုက်သည်
အိမ်ရောက်တော့ ဆိုဖာပေါ်သို့ ခြေပြစ်လက်ပြစ်ထိုင်ချကာ စဉ်းစားနေရင်း..

𝐔𝐧𝐭𝐢𝐥 𝐈 𝐅𝐨𝐮𝐧𝐝 𝐘𝐨𝐮 (ᴄᴏᴍᴘʟᴇᴛᴇ)Where stories live. Discover now