🍂PART6🍂(Uni/Zaw)

12.7K 304 8
                                    

🍂သူ့နှလုံးသားမှာ ခြေရာတွေနဲ့(Vengeance)🍂

🍂PART6🍂

"အား.. သေပြီ အေးလိုက်တာ ရား...."

"ဟွန့်...ဟွန့်..."

အိမ်ထဲမှာ ရေနွေးနဲ့စပ်ပြီး မျက်နှာသစ်လို့ရတယ်လို့ သူပြောရန် မေ့သွားသည်။ အသံပေါင်းစုံကို ထွက်နေတော့တာပဲ။

သူ့လက်ကိုရုန်းပစ်လိုက်ပြီး လက်နှစ်ဖက်လုံးနှင့် သစ်ပစ်လိုက်သည်။ မသာဖြစ်လား၊ မဖြစ်လားတော့မသိပေမယ့် အလောင်းဖြစ်သွားရင်တောင် တစ်ပတ်လောက်က မပုပ်မသိုးနှင့် အေးဆေးခံလောက်မည်ကို တွေးလိုက်သေးသည်။

သူပြောပြောနေလို့ ငါ့ခေါင်းထဲလည်း မသာတွေကြီးပဲပေါ်နေတော့တယ် တကယ်ပါပဲ။

    တကယ်ပါပဲ အတော်လေးကို brainwaveထိန်းတတ်သောလူ....

"အေးတယ် အေးတယ်... မျက်နှာသုတ်ချင်တယ်"

  မျက်နှာသစ်ပြီးမှ မျက်နှာသုတ်ဖို့က အရေးကြီးဆုံးပဲ ဒီလိုအချိန်မှာ....

"တာဝါကအိမ်ထဲမှာ ကိုသွားယူပေးမယ်.."

"ဟမ်.... ငါ့မျက်နှာတော့ အေးခဲကုန်မှာပေါ့ အဟွန့်"

  ခုန်ဆွ ခုန်ဆွဖြင့် လက်နှင့်မျက်နှာအနှံ့ကို  လိုက်ပွတ်နေသည်ကို မမြင်ရက်တော့သည့်အဆုံး သူ့အနွေးထည်ကိုသာ ချွတ်ပေးလိုက်ရသည်။

‘မင်းနဲ့တွေ့ရင် ငါအကုန်ကုန်တာပဲ ဖြူစင်သန့်ရေ’ ဟုသာ အော်နေချင်တော့သည်။

    မုန့်လည်းဝယ်ကျွေးရ၊ ထမင်းဖိုးလည်းရှင်းရ အနွေးထည်လည်းပေးရ နောက်ဆုံး မျက်နှာသုတ်ဖို့အတွက် သူဝတ်ထားသောအဝတ်ကိုပါ ချွတ်ပေးလိုက်ရသည့်အထိ။

"ရော့... သုတ်လိုက်"

"ဟင်...အင် ကျေးဇူး ကျေးဇူး... သိလား"

တော်သေးတာပေါ့ ကျေးဇူးတင်ရကောင်းမှန်းသိသေးလို့။

မျက်နှာသစ်ပြီးစ မျက်နှာလေးဟာ လရောင်အောင်မှာတောင် ကြည်လင်နေ၏။ အနည်းငယ်ရိတ်သင်ထားသော အနက်ရောင်မျက်ခုံးမွှေးတို့က ထင်းနေ၏။ ဘာမှလိမ်ခြယ်ထားခြင်းမရှိတော့သည့် ပါးပြင်လေးတို့ဟာ အအေးဒဏ်ကြောင့် ရဲစိုနေ၏။ သိပ် စွာအားလွန်းကြီးသည့် ပန်းရောင်နှုတ်ခမ်းလေးဟာ စကားပြောတိုင်းမှာ လုံးလုံးသွားရကာ ရှေ့သွားနှစ်ချောင်းကိုလည်းအနည်းငယ်ဖွင့်ပြနေသယောင်။
အသည်းယားလွန်းလို့ နမ်းပစ်ချင်နေသည့်စိတ်ကို မေ့ဖျောက်ထားရသည်။

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]حيث تعيش القصص. اكتشف الآن