🍂PART2🍂(Uni/Zaw)

22.4K 430 14
                                    

သူ့နှလုံးသားမှာ ခြေရာတွေနဲ့(Vengeance)

🍂Part2🍂

တစ်လခန့်ကြာသော်...

"D&NUMB Club"

ဟူသည့် ထိုကလပ်နာမည်က ဘာအဓိပ္ပါယ်နှင့် ပေးထားလဲမသိသော်လည်း ဒီကလပ်ကိုဖြူစင်သန့်တို့ရောက်ဖြစ်နေတာ တစ်ခါနှစ်ခါမကတော့ပေ။

  ဒီကလပ်တွင် အလုပ်လုပ်နေကြသည့် bartenderတို့နှင့်တောင် မျက်မှန်းတန်းမိနေသည့်အထိကို ခြေချင်းလိမ်အောင် ရောက်ဖူးဖြစ်နေသည်။

"ဖြူသန့် ဝိုင်ပဲမလား"

   အရှေ့ကိုချပေးလာသည့် ဝိုင်ခွက်ကိုကြည့်ပြီးတစ်ယောက်ထဲ သဘောကျ၍ရယ်လိုက်ကာ bartenderကိုလည်း ခေါင်းညိတ်ပြလိုက်သည်။

   ပြီးနောက် ဘေးကမောင်ဖြစ်သူ ရိုးသန့်၏စကားကြောင့် ထပ်ရယ်လိုက်မိပြန်၏။

"နင်တော်တော်ဆိုးနေတာပဲ မဖြူသန့်"

"ဝိုင်သောက်ရုံနဲ့လောက်တော့ ငါကဆိုးသွားရောလား။ အခုခေတ် အရက် မသောက်တတ်တဲ့မိန်းကလေးတွေရှိသေးရဲ့လားဆိုတာ နင်ရှာကြည့်လိုက်.... အဲထဲမှာ ငါတောင်အလိမ္မာဆုံးစာရင်းထဲမှာ ပါချင်ပါနေအုံးမှာ ....

နင့်ကောင်မလေးလည်း သောက်တတ်နေတာပဲ။ ဒီလောက်တော့ စာမဖွဲ့စမ်းပါနဲ့ ငါ့အသဲအသက်မောင်လေးရယ်.... နင်မကဘူးလား ငါသွား'က'ပြီးနော်"

စကားလည်းပြော ဝိုင်လည်းသောက်ကာ အခုတော့ ကလပ်အလယ်ကိုပါသွားပြီး တစ်ယောက်ထဲထင်တိုင်းကြဲနေသော သူ့အစ်မကိုကြည့်ပြီး စိတ်ညစ်သွားရသည်။

ဒီနေရာကို တစ်ယောက်ထဲလာလည်းရရက်သားနှင့် 'ခေါ်လာမိတဲ့ ငါ့အမှား'လို့သာ စိတ်ထဲကပြောနေမိသည်။

သူဒီကိုလာတာ အခြားအကြောင်းအရာတစ်ခုရှိနေရင်းနှင့် သူ့အစ်မ ဖြူစင်သန့်ဆိုသည့်ရစ်လုံးက "က"‌ချင်နေတယ်ဟု ပူဆာနေသဖြင့် သူလည်း မထူးဘူးဆိုသည်နှင့် ခေါ်လာမိ၏။ အခုတော့ အလုပ်ဘက်ကအဆင်‌ပြေနေကာ မပြေဘဲမူးပြီးကလပ်ထဲ ဟိုဟိုဒီဒီပြေးလွှားပြီး ကခုန်နေသောအစ်မတော်ကြောင့် ခေါင်းကဆံပင်တွေပါ ကုတ်ထားရလို့ပြောင်တော့မည်။

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now