🍂PART 7🍂
🍂သူ့နှလုံးသားမှာ ခြေရာတွေနဲ့(Vengeance)🍂
"ဗုန်း.... ဗုန်း..."
နားထဲသို့ ကြားလိုက်ရသောအသံကြောင့် ကြောက်လန့်သဖြင့် ငုတ်ခနဲ ထထိုင်ဖြစ်လိုက်သည်။ ငိုနေရင်းနှင့် မျက်လုံးပိတ်သွားရကာ ဖွင့်ကြည့်လိုက်တော့မှ မိုးလင်းနေမှန်းသိလိုက်ရသည့်အဖြစ်။
ငါအိပ်ပျော်သွားတာပဲ။
ကြမ်းပြင်ကို အားကြီးနှင့်ထုပစ်လိုက်သည့် အသံဘက်ကို ဆက်ခနဲလှည့်ကြည့်လျှင် ကျက်သရေမရှိသော မျက်နှာတစ်ခု....
မဟုတ်ဘူး သုံးခုလောက်ရှိမည်။
"ထတော့... Campingသွားနေတာ မဟုတ်ဘူး၊ ငါးမိနစ်အချိန်ရမယ် မျက်နှာသွားသစ်"
ဖြူသန့်အရှေ့တွင် မုဆိုးဒူးထောက်သည့်အနေအထားနှင့် လက်ထဲကနာရီကိုကြည့်ပြီး ပြောဆိုနေပုံက လုံးဝဆိုလုံးဝကို ကျက်သရေမရှိသည့်လူ.....
သူတို့အကုန်ပြင်ဆင်ပြီးမှ လူကိုခေါ်ပြီးအချိန်လာကန့်သတ်နေသည်။
သူနဲ့တစ်လေထဲ အသက်မရှူချင်သော်လည်း အသေတော့မခံနိုင်ပါဘူး။
ရေချိုးခန်းဘက် ထင်သည့်နေရာဘက်ကိုပြေးလာတော့ ထင်လိုက်သည့်အတိုင်းပင်....
မျက်နှာသစ်ခရင်မ်နှင့် သစ်ခွင့်မရသော ကိုယ့်မျက်နှာလေးကိုကြည့်ပြီး ငိုချင်လာသည်။
မအားသေးဘူး ငိုလို့မဖြစ်သေးဘူးဟု ကိုယ့်ကိုယ်ကိုယ်အားပေးကာ ဘာညာကိကွကိစ္စကို အမြန်လုပ်ရသည်။
ရေကန်ဘောင်ပေါ်တွင် အင်္ကျီအသစ်တစ်ထည်နှင့်အတူ ယောကျာ်းဝတ် ဘောင်းဘီတစ်ထည်ကိုမြင်လိုက်ကာမှ ဘာမှမစဉ်းစားဘဲ ကောက်ဝတ်လိုက်သည်။
ရေမချိုးရတာ ဒါနဲ့ဆို 2ရက်ရှိပြီ။ သွားရမှာကကိုယ်နဲ့အကြောမတည့်သော လူတွေနဲ့....
ဘောင်းဘီက ရိုးသန့်ဟာမှန်းသိ၏။ ဒီအင်္ကျီကိုတော့ ရိုးသန့်ဆီမှာမမြင်ဖူးလို့ အသစ်များလား။ ဟိုကျက်သတုံးဟာဆော့မဖြစ်နိုင်။
ရှည်နေသည့်ဘောင်းဘီကို ခေါက်တင်ပြီး ကိုယ့်အင်္ကျီကိုယ်ပြန်ယူရကောင်းနိုး မယူရကောင်းနိုး စဉ်းစားနေတုန်း အပြင်ကနေအသံထွက်လာသည်။
![](https://img.wattpad.com/cover/335593656-288-k211069.jpg)
YOU ARE READING
သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]