🍂PART4🍂(Uni/Zaw)

16.8K 371 8
                                    

🍂သူ့နှလုံးသားမှာ ဒဏ်ရာတွေနဲ့(Vengeance)🍂

🍂PART4🍂

  အရှိန်နှင့်ပြေးလွှားနေသောကားသည် ရှစ်မိုင်ကုန်းကျော်တံတားအစပ်အရောက်တွင် နန်းထက်သည် ကားကိုရပ်လိုက်ပြီး ရိုးသန့်ကိုခေါ်ထုတ်လာကာ အလှမ်းဝေးသည့်နေရာကိုသွား၍ ခါးထောက်ပြီး ကျန်လက်တစ်ဖက်နဲ့သူ့ဆံပင်ကြားသပ်လိုက်ရင်း...

“မင်း ဒီအရှုပ်ထုပ်ကို ဘယ်လိုလုပ်ပြီး ဘယ်လိုရှင်းမလဲ။ ဒီပုံစံအတိုင်းဆိုထားခဲ့လို့လည်းမရခေါ်သွားဖို့ကလည်း လုံးဝမဖြစ်နိုင်ဘူး”

    ရိုးသန့်လည်း ကားရပ်ထားသည့်ဘက်ခြမ်းကိုလှည့်ကြည့်ရင်း စီးကရက်ကိုမီးညှိ့ကာပြောဆိုနေသော‘နမ်'ကို သူဘယ်လိုအကြောင်းပြချက်ပြန်ပေးရမှန်းမသိကာ အကြံအိုက်နေရသည်။

   အဓိက တရားခံက သူပဲ.... မဖြူသန့်ကို တက္ကစီပေါ်ကို မပေးတက်လိုက်ရင်ကောင်းသားဟု တွေးနေမိသည်။

“Bobbyရဲ့လူမှန်တယ်ဆိုရင် ကျွန်တော့်အစ်မကို ဒီအတိုင်း လွှတ်ထားလို့မရဘူး...နမ်၊ သူတို့ စုံစမ်းလို့သိသွားရင် တစ်ခုခုလုပ်သွားနိုင်တယ်ကျွန်‌တော်လည်း ဒီတလောဒီမှာရှိနေမှာမဟုတ်ဘူး”

“ဒါဆိုလည်း ဘာလို့ မင်းကအဲဒီအရှုပ်နဲ့တွဲပြီး ငါ့ပိုင်နက်ထဲကို ခဏခဏခေါ်လာနေသေးလဲ။ ဒီလိုခေါ်လာလို့ ဒီလိုဖြစ်လာမယ်ဆိုတာ မင်းသိသိကြီးနဲ့... အခု ဘယ်လိုလုပ်မလဲ ပြော မင်းအစ်မကို အသက်ရှင်ရက်နဲ့မမြင်ချင်တော့လို့လား ဘာလဲ ဒုတိယနန်းထက်လွင်ဆိုပြီး နောက်ထပ်ဖြစ်ချင်နေတာလား ရိုးသန့်”

“ဟာ...နမ် ကျွန်တော် ဒီလိုဆိုလိုတာ မဟုတ်ဘူး”

   တစ်ခါတရံ၌သာ လေသံမာမာနဲ့ သူနဲ့စကားပြောတတ်သောနမ်သည် ဒီတစ်ခါတော့ အသံသည် သာမန်ထက်မာထန်နေကာ စကားတွေက ဘာကိုစိတ်တိုသွားလဲဆိုတာ သိနေပေမယ့် ယခုအဖြစ်က လက်လွန်ခြေလွန်ဖြစ်ကုန်ပြီ။

   ထားခဲ့ရင်လည်း တစ်ဖက် ကိုယ်မသိသောရန်သူကစုံစမ်းလာလျှင် မဖြူသန့်အ‌ကြောင်းကိုသိသွားမည်။ မထားခဲ့ရင်လည်း မဖြူသန့်က သူ့အလုပ်အကြောင်းကို သိသွားလိမ့်မည်။ ဘယ်အရာက မဖြူသန့်အတွက် အန္တရာယ်ကင်းမလဲ......

သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]Where stories live. Discover now