🍂PART5🍂
လင်းခေး(Lankho)နားက နေရာတစ်ခုသည် တာချီလိတ်နှင့် မလှမ်းမကမ်းနေရာကမို့လို့ သူတို့အတွက် အသင့်တော်ဆုံးဖြစ်ကာ ဝင်နားဖြစ်ကြသည့်နေရာတစ်ခုလည်း ဖြစ်သည်။
ခြံအလုပ်သမား လင်မယားနှစ်ယောက်ကို အမြဲနေစေသောကြောင့် သူတို့အိမ်သည် တစ်ချိန်လုံး သန့်ရှင်းနေသည်။
“မဖြူသန့်...မဖြူသန့်”
တစ်ညလုံး ကားထဲကနေအိပ်ပျော်ပြီးလိုက်လာသည့် ရိုးသန့်ရဲအစ်မတော်သည် ရိုးသန့်အသံကြားမှလန့်ပြီး မျက်လုံးတို့ပါပွင့်လာကာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မျက်လုံးအဝိုင်းသားနှင့် ပါးစပ်ပင် မပိတ်နိုင်သည့်အထိ။
တောင်ပေါ်ဒေသနေရာတစ်ခုဆိုတာ သိနေပေမယ့် ဘယ်မြို့ဘယ်ရွာလဲတော့ သေချာမသိ။
တောင်ကုန်းမို့မို့ပေါ်တွင် တိုက်ပုလေးက ဥရောပစတိုင်နှင့် ကြက်သွေးရောင်လွှမ်းနေသည်။
ဆောင်းတွင်းလတွေမို့လို့လားမသိ အိမ်ရှေ့ကချယ်ရီပန်းတွေလည်း ပွင့်နေသည်။
ကားပေါ်ကလူတွေက အသီးသီးဆင်းနေကြသဖြင့် သူမပါ လိုက်ဆင်းလာပြီး ရိုးသန့်ဘေးတွင် ဝင်ရပ်ရင်း...
“ဘယ်နေရာလဲ..”
“နင်တစ်ခါမှ မရောက်ဖူးတဲ့နေရာ...”
“ဟွန့်စိတ်ပုပ်.... တကားလုံးပုပ်နေတဲ့စိတ်ပုတ်တွေ”
“ဟား အဟား”
ရိုးသန့်က အူလှိုက်သဲလှိုက်ရယ်မောတော့ အကုန်လုံးက သူမတို့ကို မျက်စောင်းထိုးပြီး ကြည့်နေကြ၏။
ထူးတော့ထူးဆန်းသည်။ ဘာလို့လဲဆို ဖြူသန့် စကားပြောတိုင်းပြောတိုင်းမှာ မျက်စောင်းထိုးသောသူနဲ့ နှုတ်ခမ်းမဲ့တဲ့သူနဲ့ နောက်ဆုံး အသားတောင်လှီးဖြတ်မယ့်သူတွေဟာ များပြားလှသည်။
ဘဲကြည်စော်လေးကို သူတို့မို့လို့ မကြည်တာ...
စိတ်ကောင်းမှမရှိကြတာ ဘယ်ကြည်မှာလဲနော်။
“အိမ်ထဲ ဝင်ရအောင် ဒီမှာ တစ်ညလောက်နေရမယ်”
“ဟင် ဒါဆို ဒီနားက ပတ်ဝန်းကျင်ကို သွားလည်ကြမလား”
ESTÁS LEYENDO
သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]