သူ့နှလုံးသားမှာ ခြေရာတွေနဲ့(Vengeance)
🍂Part 1🍂
လက်ကနာရီကို တစ်ချက်ငုံ့ကြည့်ပြီး ဆယ့်ငါးမိနစ်သာလိုတော့သည်မို့ စိတ်လှုပ်ရှားမှုက တရိပ်ရိပ်မြင့်တက်လာသည်။
အခု သူတို့အဖွဲ့သည်လမ်းခုလတ်က ကားတစ်စီးကိုဝင်စီးနင်းရန် တောင်ကုန်းတစ်ခုတွင် ကင်းထောက်နေခြင်းဖြစ်သည်။
"နမ် ဒီတစ်ခါပြီးရင် ကျွန်တော့်ကိုတစ်လခွင့်ပေးမယ်ဆိုတာ တကယ်လား"
"မင်း မလိုချင်ဘူးလား... ကောင်မလေးနဲ့ပြတ်ရင် ငါ့ကြောင့်ဆိုတဲ့ခေါင်းစဉ်လာတပ်တော့မှာမဟုတ်လား မင်းအပြစ်တင်တာမခံချင်လို့ ပေးထားတာနော် မလိုချင်ရင်ကြိုပြော အလုပ်တွေ အားယားနေတာမဟုတ်ဘူး"
နမ်ရဲ့စကားက သူ့ကိုအလိုလိုက်ပေးထားမှန်း သိသာစေသည်။
သူနဲ့သုံးဆယ်ဒီဂရီအနေအထားမှာ ရှိနေသောရိုးသန့်ဘက်ကို နားကျပ်နှင့်စကားပြောရင်း တစ်ဖက်ကကားသံကိုလည်း နားစွင့်နေဆဲ...
"အဲဒါကြောင့်ချစ်နေရတာ ယောက်ဖရာတစ်နေ့လောက် ကျွန်တော့်အစ်မနဲ့ မိတ်ဆက်ပေးအုံးမှဗျ"
"တော်စမ်းပါ သောက်ရေးမပါတဲ့ဟာတွေ"
နန်းထက်လွင်သည် မိန်းကလေးအကြောင်းပါလာပြီဆို အလာဂျစ်ထလာသည့်အလား ကြောက်ရွံ့နေသလိုလိုနဲ့ သူအမြဲရှောင်နေကြအကျင့်တစ်ခုဖြစ်နေပြီ။
"နမ်မြင်ရင် ကြွေမှာကြိမ်းသေတယ်သိလား.... ကျွန်တော့်အစ်မမို့လို့...."
"တော်တော့ ရိုးသန့်....မစ်ရှင်ကို အာရုံစိုက်... လေးမိနစ်ပဲကျန်တော့တယ်"
"Yes, Leader!"
ဆက်ပြောရန်စကားတို့ပြက်ရှသွားကာ အရှေ့ကစနိုက်ဘာကို အသေအချာနောက်တစ်ခေါက်ပြန်ချိန်ကာ ကတ္တရာလမ်းအကွယ်တွင် ခိုအောင်းနေသောခေ့ရဲ့အသံကို နားကျပ်ကိုလက်နှင့်ဖိကာ ထပ်ပြီးနားစွင့်နေပြန်၏။
ခေ့ဆီက......"ပီတာ တစ်မိနစ်အလို ...ပီတာ တစ်မိနစ်အလို"
တဖြည်းဖြည်းသူတို့ရဲ့ပစ်မှတ်ဖြစ်သည့် ကားသံကနီးလာပြီး နန်းထက်လွင်သည် စနိုက်ဘာပြောင်းဝကို တစ်ချက်ကြည့်ပြီးမှ နီးကပ်လာသည့်ကားဘီးကို ဦးတည်ကာ လက်ကtriggerကို ဆွဲချလိုက်သည်။
YOU ARE READING
သူ့နှလုံးသားမှာခြေရာတွေနဲ့(Vengeance) [Complete ]