အခန်း (၅)

2.7K 141 12
                                    

Unicode

ရင်မဆိုင်ရဲခဲ့ ... 

ဘယ်လောက်ပဲ မုန်းနေခဲ့ပါသည်ပြောပြော ယခင်အချိန်တွေကချစ်ခဲ့ဖူးသည်ပဲ ... ထိုအမုန်းတွေကို ကျေကျေနပ်နပ်ကြီး လက်ခံရယူရဲပေမယ့် တစ်စုံတစ်ယောက်နေရာယူနေခဲ့သည့် နှလုံးသားပိုင်ရှင်ကိုတော့ ရင်ဆိုင်ဖို့အတွက် ခက်လှပါသည် ...

အတန်ကြာသည့်အထိ ထိုင်ရာမှမထပဲ ငေးမောကာနေခဲ့ပြီးမှ မိုးမှောင်ကျလာသဖြင့် အိမ်ထဲသို့ပြန်ဝင်လာခဲ့ရပေမယ့် အပေါ်ထပ်သို့မတက်ရဲ့ခဲ့ ... ထမင်းစားခန်းထဲသို့သွားကာ ဂီတာကို ထောင့်တစ်နေရာတွင်ထောင်လိုက်ပြီး ဆန်ပြုတ်ထိုင်သောက်နေခဲ့သည် ... 

"အကိုလေး ... လိုတာရှိရင် ခင်ပြည့်ကိုပြောနော် ... "

ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ရင်း ဆန်ပြုတ်ကိုသာ တစ်ဇွန်းချင်းခပ်သောက်နေခဲ့ပေမယ့် ဘာအရသာမှန်းမသိခဲ့ ... 

ချစ်သေးရဲ့လား ... 

ခေါင်က သူ့ကိုချစ်နေသေးရဲ့လားဆိုတာ အခုချိန်မှာမသေချာတော့ပါ ... လက်ထပ်စာချုပ်တွင် လက်မှတ်ထိုးနေခဲ့သည့် အချိန်တုန်းကမှ ချစ်ရသူကို ပိုင်ဆိုင်ခွင့်ရတော့မည်ဟု အတွေးလေးနှင့် သူပျော်နေခဲ့ရသေးသည် ... 

ယခုတော့ အရာအားလုံးကို ချက်ချင်းဆုံးရှုံးလိုက်ရသည့် ခံစားချက်က ရင်ထဲတွင် တစ်ဆို့နေလျှက် ... 

ဖြစ်နိုင်တာပဲ ... ၁၅နှစ်ဆိုသည့်အချိန်ကာလတစ်ခုက တခြားတစ်ယောက်ကို ပြောင်းလဲချစ်လိုက်ဖို့ လုံလောက်နေခဲ့သည်ပဲ ... သူကသာ ရူးမိုက်စွာနှင့် ခေါင့်တစ်ယောက်ကို စောင့်နေခဲ့မိတာ ... ခေါင့်အချစ်တွေကို မျှော်လင့်နေခဲ့မိတာ ... 

"ဘယ်အချိန်ရှိနေပြီလဲ မိုးကောင်း ... "

ဘေးတွင်ဝင်ထိုင်လိုက်ရင်း ပြောလာတဲ့ ခေါင့်အသံကို ကြားသည်နှင့်တစ်ပြိုင်နက် လက်ထဲမှဇွန်းအား ပိုမိုဖိကိုင်လိုက်မိသည် ... 

"ဘာ ... ဘာဖြစ်လို့လဲ ... "

"ဘာဖြစ်ရမှာလဲဟ ... ငါ့ကို ထမင်းစားဖို့ လာမခေါ်လို့လေ ... "

မိုးကောင်းသောအရပ်၌ ခေါင် Where stories live. Discover now