အခန်း (၂၇)

1.4K 55 12
                                    

Unicode

မြို့အစွန် ဆင်ခြေဖုံးရပ်ကွက်တစ်ခုရဲ့ ကွမ်းယာဆိုင်တစ်ဆိုင်၏ နောက်ကျောဖက်တွင် အမျိုးသမီးများစုထိုင်ကာ ဖဲရိုက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည် ... ။ 

ရယ်မောသံ ၊ ငြင်းခုံသံများနှင့် ဆူညံနေလျက်ရှိပြီး အမျိုးသမီးအများစုရဲ့နှုတ်ခမ်းများကတော့ အချိန်အတန်ကြာကွမ်းစားထားခြင်းကြောင့်ဖြစ်မည် ကွမ်းချေးတို့နှင့် နီစွေးနေလျှက်ရှိသည် ... ။

"ဟဲ့ ခတ္တာ ... ခိုင်ထူးတစ်ယောက်မတွေ့တာ ကြာပြီနော် ၊ ဘယ်တွေသွားနေလဲ "

ဖဲချပ်ကိုဟန်ပါပါပွတ်ရင်း မေးလာသောအဖြေကို ပြန်လည်တုန့်ပြန်ရန်ကြိုးစားလိုက်သည် ။

"ဘယ်သွားရမလဲ ဂျင်ဝိုင်းနေမှာပေါ့ ၊ အရပ်တကာလှည့်ပြီး ဆော့နေတာ ပြန်မလာတာ လနဲ့ကိုချီနေပြီ "

"ဟယ် ... နင့်ကိုယ်ဝန်က ဘယ်လောက်ရှိပြီလဲ ၊ ဒီကိစ္စကို ခိုင်ထူးမသိသေးဘူးမလား 

ဖုန်းတွေဘာတွေရော ဆက်မကြည့်ဘူးလား ၊ သူသိရင် တန်းပြန်လာလောက်မှာပါ"

"မဟုတ်တာပဲ မလှဆင့်ရယ်။ ဒင်းလားပြန်လာမှာ "

"နင်တို့ပဲ ယူကြတော့မှာဆို "

"အခုတော့ သူ့ကိုမယူချင်တော့ဘူး ... "

ခတ္တာရဲ့စကားကြောင့် ဖဲဝိုင်းတစ်ခုလုံးမှ မိန်းမများရဲ့အကြည့်တို့က သူ့မထံသို့ စုပြုံရောက်ရှိလာကြသည် ... ။

"ဘာလို့လဲ ... "

"ကျွန်မယူရမယ့်သူရှိနေပြီလေ ... ဒီကလေးရဲ့အဖေပေါ့ ... "

"ဘယ်လို ဘယ်လို ... ဒီကလေးအဖေက ခိုင်ထူးမဟုတ်ဘူးလား ... "

"ဪ ... မလှဆင့်ကလည်း ကျွန်မက မဟုတ်ဘူးပြောရင် မဟုတ်ဘူးပဲပေါ့ ၊ ကလေးအဖေရဲ့နာမည်က ကျွန်မရဲ့ပါးစပ်ဖျားမှာပဲ ရှိတယ်လေ ... "

လက်ထဲမှ အတွဲလိုက်စီထားသောဖဲချပ်တို့ကို အပြုံးတို့နှင့် မာန်ပါပါချပြလိုက်ပြီးနောက် 

"ဒေါင်းပြီနော် လုံးဖဲနှစ်ခုပါတယ် သုံးဆနဲ့ ပေးလိုက်တော့ ၁၅၀၀ စီ "

မိုးကောင်းသောအရပ်၌ ခေါင် Where stories live. Discover now