အခန်း (၉)

2.5K 114 23
                                    

Unicode

ချစ်တဲ့စိတ်ကြောင့်သာ ...

အရမ်းချစ်ရတဲ့ စိတ်တစ်ခုကြောင့်သာ ကပ်တွယ်နေခဲ့မိတာပါ ... တကယ်တော့ ကျွန်တော့်နှလုံးသားငယ်က စတင်ယိုယွင်းလာခဲ့နေပြီ ...

ခေါင်က သွေးအေးတတ်လွန်းစွာနဲ့ ရက်စက်ပြနေသည်ပဲ ...

ခေါင့်အဖြေက ရှင်းပါသည် ... သူဖြစ်စေချင်သလို မေမေ့ကိုစိတ်ဒုက္ခပေးပြီး စိတ်ဆင်းရဲသောကတွေနှင့်မေမေသေဆုံးသွားခဲ့ပါလျှင် ကွာရှင်းကြမည် ...

ရိုးရှင်းလွန်းမနေဘူးလား ... သည်လောက်ထိလွယ်ကူနေရအောင် ဘဝကရုပ်ရှင်မဟုတ်တာကို သူသိသင့်သည် ... ပြီးလျှင် မေမေဟာတော်ရုံနှင့် လဲပြိုကျသွားမည့်သူတစ်ယောက်မဟုတ် ...

ကြားထဲက မြေစာပင်ဖြစ်ခဲ့ရသည်ကတော့ ကျွန်တော့်အချစ်များနှင့် ခံစားချက်များပင် ...

"ဒါက ဘယ်သွားဦးမှာလဲ .. ထမင်းမစားရသေးဘူးဆို ... "

အပေါ်ထပ်သို့တက်ရန်ပြင်နေသော သူ့ခြေလှမ်းတွေကို ခေါင့်ရဲ့ခပ်မာမာလေသံတို့က တားဆီးလာသည် ...

"စားချင်စိတ်မရှိ‌လို့ မစားတော့ဘူး ... "

"မရဘူး ... မင်း ထမင်းစားမှရမယ် ... အချိန်မှန်ထမင်းစားပြီး ကျန်းမာအောင်နေရမယ် ...

ဒါမှ ငါ့စိတ်တိုင်းကျ အကုန်လုပ်နိုင်မှာ ... "

သိပ်ကိုအတ္တကြီးလွန်းသည်ပဲ ... ခေါင့်မျက်ဝန်းတွေကို စူးရဲစွာစိုက်ကြည့်လိုက်ပြီးနောက် ထမင်းစားခန်းဘက်သို့ အရင်ဦးတည်လိုက်သည် ...

နောက်ကနေ ထပ်ချပ်မကွာလိုက်ပါလာခဲ့သည့်ခေါင်က ထမင်းစားခန်းထဲတွင်လည်း တစ်မျိုးပြီးတစ်မျိုးဆရာလုပ်နေသည် ...

"ဟိတ် ... မိုးကောင်းကို မင်းဘာမှလုပ်ပေးစရာမလိုဘူး ... သွား ... မင်းအဒေါ်ကိုခေါ်ခဲ့ ...

ဒီနေ့ကစပြီး မိုးကောင်းရဲ့အလုပ်မှန်သမျှ မင်းအဒေါ်ကိုပဲခိုင်း ... "

သူ့ရှေ့တည့်တည့်တွင် ခပ်တည်တည်နှင့်ဝင်ထိုင်နေရင်းမှ ခင်ပြည့်ကို အမိန့်ပေးနေသော ခေါင့်ကိုကြည့်လိုက်တော့ သူ့ကိုအေးဆေးစွာပင်ပြန်ကြည့်သည် ...

မိုးကောင်းသောအရပ်၌ ခေါင် Where stories live. Discover now