အခန်း (၂၄)

1.8K 79 7
                                    

Unicode

မှောင်ရိပ်တို့ကြီးစိုးပြီး လူသူကင်းမဲ့နေသောလမ်းမကြီးဟာ အငြိုးကြီးစွာထစ်ချုန်းရွာသွန်းလျှက်ရှိတဲ့ မိုးစက်တို့ကြောင့်ထင်ပါရဲ့ ... 

သူ့တကိုယ်လုံးလည်း မိုးရေများစိုရွှဲနေခဲ့ပြီး ခေါင်းတစ်ခုလုံးက ချာချာလည်နေခဲ့သည် ... 

"ခေါင် ... "

လမ်းမထက်မှာ ပြေးလွှားလိုက်ရှာနေခဲ့ရသည်က ချစ်လှစွာသော ခေါင့်ကို ... 

ဘယ်တွေများရောက်နေလဲ ... ဘယ်ကိုထပ်ထွက်သွားပြန်တာလဲ ခေါင်ရယ် ... 

အနားမှာပဲရှိစေချင်တဲ့ ငါ့ကိုထားခဲ့ပြီး ထပ်ထွက်သွားနိုင်တယ်လား ... 

ဟင့်အင်း ... တွေ့အောင်ရှာပါ့မယ် ၊ အရင်ကလိုမျိုး လက်လျော့လိုက်ရမယ့်အရွယ်မှ မဟုတ်တော့ပဲခေါင်ရယ် ... ငါလက်လျော့လိုက်လို့ မဖြစ်ဘူးမလား ...

ပြေးလွှားနေရာမှ ရုတ်တရက် တနေရာသို့အရောက်တွင် စူးခနဲဝင်လာသော အလင်းတန်းတို့ကြောင့် မျက်ဝန်းတွေကို လက်နှင့်ကာလိုက်သည် ... 

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ချည်းဆိုသလို လင်းထိန်လာခဲ့လျှက် သူရောက်ရှိနေခဲ့သည့်နေရာက အလွန်မွှေးကြိုင်လှပသော ပန်းပေါင်းစုံတို့နှင့် တင့်တယ်နေသော ပန်းခင်းကြီးတစ်ခုပင် ... 

အနီးအပါးသို့ ဝေ့ဝဲကြည့်လိုက်တော့ ပြုံးရွှင်နေသောမျက်နှာထားတို့နှင့် ခေါင့်ကိုတွေ့လိုက်ရသည် ... 

တောက်ပသောခေါင့်မျက်ဝန်းတွေက သူရှိရာဘက်သို့မျက်နှာမူကာ ခန့်ငြားလွန်းစွာ ရယ်မောနေခဲ့သည် ... 

"ခေါင် ... "

ဝမ်းသာအားရနှင့် ခေါင့်ထံသို့ပြေးသွားမည်အပြု နောက်ဘက်ဆီမှ ခေါ်သံငယ်တစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်ကိုဖြတ်ကျော်သွားကာ ခေါင့်ထံသို့ပြေးလွှားသွားသော မိန်းမပျိုတစ်ဦး ...

ခေါင်က သူ့ကိုမမြင်ပဲ ထိုအမျိုးသမီးကိုတော့ လက်ကမ်းကြိုဆိုနေခဲ့ပုံက ဝမ်းပန်းတသာ ... ခေါင့်အပြုံးတွေရဲ့အခြေပြုရာက သူမဟုတ်ခဲ့ဘူးပဲ ၊ ခေါင်ကတော့ ထိုအမျိုးသမီးငယ်ကို နူးညံ့စွာထွေးပိုက်လျှက် ပြုံးပျော်နေခဲ့ရာ သူ့ဖြစ်တည်မှုတွေကိုပင် မမြင်နိုင်ခဲ့ ... 

မိုးကောင်းသောအရပ်၌ ခေါင် Where stories live. Discover now