အခန်း (၂၃)

1.9K 94 8
                                    

Unicode

ရှေ့တိုးရခက် နောက်ဆုတ်ရခက်အခြေအနေတွေမှာ သူ့ဘက်က ဦးတည်ရာဟာ တစ်ခုတည်းပင်ဖြစ်တော့သည် ။ ထိုအရာသည်ကား မိုးကောင်းရှိနေမည့်အရပ်နှင့် မိုးကောင်းတစ်ယောက်ပျော်ရွှင်နေနိုင်မည့်အရပ်ပင် ... 

ဘယ်လိုအရာတွေပဲ ဖြစ်လင့်ကစား သူပြတ်သားစွာ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်တိုင်းဟာ မိုးကောင်းအတွက်ပင်ဖြစ်ရမည် ... 

ချစ်ရခြင်းတွေထက် မြတ်နိုးရခြင်းတွေက ပိုအလေးသာနေသလို ဆုံးရှုံးရမှာကြောက်သည့်စိတ်တို့က သူ့အတွေးတွေကိုလွှမ်းမိုးထားခဲ့တာ ကြာခဲ့ပြီ ... 

ဘယ်လိုအကြောင်းပြချက်မျိုးနှင့်မှ အထိခိုက်မခံနိုင်ပါ ... 

ခွမ်း ! 

အပေါ်ထပ် အခန်းငယ်ဆီမှ ကျယ်ကျယ်လောင်လောင်ကြားလိုက်ရသည့်အသံကြောင့် အတွေးစတို့ပြတ်တောက်သွားရပြီး အိမ်တွင်းဆီသို့ အပြေးဝင်လာခဲ့မိတော့သည် ... 

ဒုန်း ဒုန်း ...

"မိုးကောင်း .... မိုးကောင်း ... 

ဘာဖြစ်တာလဲ ... တံခါးဖွင့်စမ်း ... မိုးကောင်းရေ 

တံခါးဖွင့်လို့ ငါပြောနေတယ်လေကွာ ... "

အထဲမှ လော့ချထားသောအခန်းတံခါးကို အဆက်မပြတ်ထုရိုက်ရင်း အော်ဟစ်နေခဲ့ပေမယ့် တုန့်ပြန်သံတစွန်းတစမှ မကြားမိ ... 

"မိုးကောင်း ... တံခါးဖွင့်လို့ ... "

သော့ ... ဟုတ်တယ် ... လိုနေတာ သော့ 

အောက်ထပ်မှပြေးတက်လာကြသူများကို လှေကားထိပ်တွင် တွေ့လိုက်ရပေမယ့် စကားမဆိုမိပဲ ကားဆီသို့သာ အလျှင်အမြန်ပြေးသွားလိုက်ပြီး သိမ်းထားသောအခန်းသော့ကို ရှာကာ ပြန်လာရပြန်သည် ...

အခန်းရှေ့တွင်တော့ မိုးကောင်းနာမည်ကို တကြော်ကြော်အော်ဟစ်ခေါ်နေကြသူများက သူလာတော့အနည်းငယ်လမ်းဖယ်ပေးလာသည် ... 

တုန်ယင်နေသောလက်များနှင့် အခန်းတံခါးကို တွန်းအဖွင့် မြင်လိုက်ရသည့်မြင်ကွင်းက နှလုံးသွေးတို့ပြောင်းပြန်စီးဆင်းသွားရသည့်နှယ် .... 

မိုးကောင်းသောအရပ်၌ ခေါင် Where stories live. Discover now