အပိုင်း (၃၆)

1.6K 54 10
                                    

Unicode

တဖြည်းဖြည်း နက်သထက်နက်လာတဲ့ညအမှောင်နှင့်အတူ အချိန်တွေက ကုန်လွန်လာခဲ့ပြီးနောက် ည ၁၁နာရီ ထိုးလုပြီ ... 

အခုချိန်ထိ ခေါင်ကပြန်ရောက်မလာသေးပေ ... 

စက်ပိတ်ထားခဲ့သည့်ဖုန်းက ပြန်လည်ဖြေဆိုနိုင်ခြင်းမရှိခဲ့ ...

အိမ်ထဲတွင် ခတ္တာရှိနေသဖြင့် ခြံထဲသို့ထွက်လာကာ ခေါင့်ကိုစောင့်နေခဲ့ပေမယ့် ယခုအချိန်ထိအရိပ်အယောင်ပင်မတွေ့ရပါ ... 

သိပ်မကြာခင်မှာပင် ခြံထဲသို့ မေမေနှင့်ခင်ပြည့်တို့တူဝရီး ဝင်လာသည်ကိုတွေ့လိုက်ရသည် ... 

"ဟယ် ... သား ခြံထဲမှာဘာထွက်လုပ်နေတာလဲ 

ခေါင်ရော ပြန်မရောက်သေးဘူးလား ဘာဖြစ်ထားတာလဲ ... "

သူ့ကိုတွေ့တော့ အလောတကြီးမေးလာတဲ့မေမေ့ကို ဟန်ဆောင်ပြုံးပြလိုက်ရင်း ...

"ဘာမှမဖြစ်ပါဘူးမေမေရဲ့ ... ခေါင်က ကားတင်နောက်ကျနေလို့ ပြန်မလာသေးတာ ...

အိမ်ထဲမှာ ခတ္တာတစ်ယောက်တည်းမို့လို့ သားအပြင်မှာပဲထွက်စောင့်နေတာပါ ... "

"ဪ ... သားလေးရယ် ... မေမေ့ကိုဖုန်းဆက်လိုက်တာတော့မဟုတ်ဘူး ၊ ခင်ပြည့်ကိုပြန်လွှတ်လိုက်မှာပေါ့ ... ထမင်းရောစားပြီးပြီလား သား ... "

"ပြီးပါပြီ ... မေမေတို့ရောက်လာပြီဆိုတော့ သား ခေါင့်ဆီကိုလိုက်သွားလိုက်ဦးမယ်နော် ... "

"ဒီအချိန်ကြီးသွားမလို့လားသားရဲ့ ... မိုးအရမ်းချုပ်နေပြီလေ ... "

"ဟုတ် မေမေ ... ခေါင်တစ်ယောက်တည်းမို့လို့ သားလိုက်သွားလိုက်ဦးမယ်နော် ... "

"အင်းပါ... ဒါဆိုလည်း ဟိုကိုရောက်တာနဲ့မေမေ့ကိုဖုန်းဆက်ဦးနော်  ... တခြားကိစ္စကြီးငယ်တော့ မရှိဘူးမလား... "

စူးစမ်းသလိုကြည့်လာတဲ့ မေမေ့ရဲ့မျက်လုံးများက အရမ်းကိုလျှင်လွန်းနေ၍ မနည်းဖုံးကွယ်နေရသည် ... ။

" မရှိပါဘူးမေမေရဲ့ ... သွားပြီ ... "

သူမကိုနှုတ်ဆက်ကာ အစောတလျှင်ပြေးထွက်သွားသော သားဖြစ်သူကိုကြည့်လိုက်ပြီးနောက် ဒေါ်မြတ်ဝန်းရံတစ်ယောက် ခေါင်းကိုဖြေးညှင်းစွာခါရမ်းလိုက်သည် ... ။

မိုးကောင်းသောအရပ်၌ ခေါင် Hikayelerin yaşadığı yer. Şimdi keşfedin