အခန်း (၈)

2.5K 123 20
                                    

Unicode

ခံစားချက်တိုင်းကို ဖွင့်ဟပြရပါလျှင်မူ သူ့အနီးအပါးတွင် ခေါင်တစ်ယောက်ရှိနေပေးနိုင်ပါဦးမည်လား ...

မျှော်လင့်ချက်ဆိုတာ မထားသင့်တဲ့သူအပေါ်မှာထားခဲ့မိရင် နာကျင်စရာတွေပဲ ဖြစ်လာတတ်တာလား ခေါင်ရယ် ... 

"မင်းအခုဘယ်သွားမှာလဲ ... "

"ငါ ကားတင်ရှိလို့ ပွဲရုံကိုပဲ သွားမှာ ... "

"ဘယ်အချိန်ပြန်လာမှာလဲ "

" ပြီးတဲ့အချိန်ပေါ့ ... အတိအကျတော့ပြောလို့မရဘူး ... ကားထွက်ရင်တော့ ပြန်လာလို့ရပြီ "

"ညအိမ်မှာထမင်းစားမှာ ... အရမ်းနောက်မကျစေနဲ့ ... "

"အင်း ... အလွန်ဆုံး ၈နာရီလောက်ပေါ့ ... အရမ်းကြီးမိုးမချုပ်ပါဘူး ... 

ဒါနဲ့ ... မင်းကို ဘယ်လိုက်ပို့ရမလဲ ... "

"ဟိုရှေ့က အအေးဆိုင်မှာချခဲ့လိုက် ... "

"အပြန်ကျတော့ရော ... "

"ရတယ် ... ဖြစ်သလိုပြန်လိုက်မယ် ... 

ငါမပြန်ခင်တော့ဖုန်းတစ်ချက်ဆက်ကြည့်မယ်လေ ... မင်းအိမ်မရောက်သေးရင် ငါ့ကိုဝင်ခေါ်ပေါ့ ... "

"အင်းပါ ... "

လမ်းဘေးပလက်ဖောင်းနားသို့ ကားကပ်ရပ်ပေးလိုက်တော့ ခေါင်က နှုတ်ဆက်ဖော်ပင်မရပဲ ဆင်းသွားခဲ့သည် ... သူလည်း အလုပ်သမားများအတွက်မုန့်ဝင်ဝယ်လိုက်ပြီးနောက် ပွဲရုံသို့ပင် ထွက်လာခဲ့လိုက်တော့သည် ... 

"ဒေါ်တင်ရွှေ ... မုန့်တွေဝေပေးလိုက်ပါဦး ... "

"ဟုတ်ကဲ့ ပွဲစား ... "

"ကားတင်တွေအတွက်ရောပါတယ်နော် ... သူတို့ပါတစ်ခုစီပေးလိုက်ပါဗျ ... "

"ဟုတ် ... "

တစ်လက်စတည်း ကားတင်နေရာသို့သွားကြည့်တော့ တစ်စီးပြည့်လုပြည့်ခင်ဖြစ်နေပေပြီ ... 

"ဦးလေး ပြည့်တာနဲ့ တန်းထွက်ခိုင်းလိုက်တော့နော် ... ပိုက်ဆံရော ပေးလိုက်ပြီလား ... "

"နှစ်စီးစာတော့ ပေးပြီးပြီငါ့တူ ... တစ်စီးစာအတွက် လိုနေလို့ မပေးရသေးဘူး ... "

မိုးကောင်းသောအရပ်၌ ခေါင် Where stories live. Discover now