Part-4

2.5K 83 0
                                    

                            အပိုင်း(၄)

"ချစ်တယ် အစ်ကို"

ဆိုတဲ့စကားလုံးလေးကို နားကြားမှားသွားတာလား။

နောက်ကျောပြင်ကနေ ထိတွေ့ထားတဲ့ မင်းလေးရဲ့ပါးတစ်ဖက်ရယ်။ကိုယ့်ကို နွေးသွားအောင်
ခါးကိုဖက်ထားတဲ့ လက်နှစ်ဖက်ရယ်၊မင်းနှလုံးသားလေးရယ်က ကိုယ့်အပိုင်တစ်နေ့ဖြစ်လာမှာ။

ညနေစောင်းအချိန် လမ်းမထက်၌
ဆိုင်ကယ်ပေါ်က လူနှစ်ယောက်ရယ်၊ တိတ်ဆိတ်နေတဲ့လမ်းမထက်ရယ်၊ သူတို့နှစ်ယောက်ကို
စောင့်ကြည့်နေတဲ့လူနှစ်ယောက်ရယ်။

"တီ!"

"ဆရာပြန်ရောက်.."

"ရူး!တိုးတိုး"

အိပ်နေတဲ့မင်းလေးနိုးသွားမှာစိုးလို့
ဆိုင်ကယ်ပေါ်က မင်းလေးကိုအသာအယာ ပွေ့ချီကာ အိမ်ယာပေါ်ကိုအသာချပေးလိုက်ရသည်။ မင်းလေးရဲ့ခန္ဓာကိုယ်ကို စောင်ခြုံပေးလိုက်ပြီး မင်းလေးရဲ့ပုံစံကိုဘေးကနေ အချိန်အတော်ကြာ ကြည့်နေမိတယ်။ပြီးတော့ မင်းနဲ့ ပါးလေးကို
ကိုယ့်လက်နဲ့ ကိုင်ရင်း လူတစ်ယောက် ကိုသတိရမိသွားသည်။

တောင်းပန်ပါတယ်။ကိုယ်မင်းကို သူ့နေရာမှာ အစားထိုးလိုက်မိပြီ။ မင်းကိုမြင်တိုင်း ကိုယ့်ရဲ့ နှလုံးသားထဲမှာ အမြဲရှိတဲ့သူမကိုမြင်နေမိသည်။
                            ...

"ဝဿန်.ဝဿန်ရေ ကိုကို့ကလေးလေးရေ"

"သွားစမ်းပါကွာ လာမခေါ်နဲ့ စိတ်စိုးနေတုန်းနော်"

"စိတ်မစိုးပါနဲ့ ကိုကို့ကလေးလေးကလဲ
ကိုကို့ကလေးလေးလိုချင်တယ်ပြောတဲ့ပိုက်ဆံ အိတ်လေး ဝယ်လာတယ်"

လိုချင်တာဝယ်လာတယ်ဆိုတော့ မျက်နှာအမူအရာချက်ချင်းပြောင်းကာ မျက်စောင်းလေးထိုးပြီး လက်ထဲကအရာကို လှမ်းကြည့်နေတယ်။

"အွန်း..အဲ့တာဆိုလဲ စိတ်စိုးပြေပေးပါမယ်လေ"

"ကို့ကလေးလေးကတော့"

ဆိုကာ ဝဿန်ရဲ့နဖူးလေးကိုဖွဖွလေးနမ်း
လိုက်သည်။ဝဿန်က အရှက်အကြောက်ကြီးတဲ့ မိန်းကလေး။ဆုံးဖြတ်ချက်ကလဲဲပြတ်သားတယ်။လူတိုင်းရှေ့မှာ ခေါင်းမော့ ရင်မော့နေပေမယ့်
ကျုပ်နဲ့ဆိုရင်တော့
ကလေးလေးတစ်ယောက်လိုပဲ။ အမြဲတမ်း
ကပ်ကပ်ချွဲတယ်။စိတ်ဆိုးတယ်စိတ်ကောက်
တယ်။အငိုလည်းလွယ်သေးတယ်။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now