Part-11

1.7K 62 4
                                    

                            အပိုင်း(၁၁)

ညီငိုတာကို မြင်ရတာ စိတ်မကောင်းလိုက်တာ။ မသိသင့်တဲ့အရာကိုသိပြီး ငိုအောင်
ကျုပ်ပဲလုပ်လိုက်တာဆိုတော့ သိပ်တော့မသနားဘူး။ ဘာလို့သနားနေရမှာလဲ ကျုပ်က
ညီ့ကိုချစ်တယ် ညီက ကျုပ်ကိုမချစ်ဘူး။အသွားရှိပြီး အပြန်မရှိတဲ့ ဆက်ဆံရေးတစ်ခုက
မုန်းဖ်ို့ကောင်းတယ်။

"ညီမလေးရေ..အော်မေ့နေတာပဲ အိမ်မှာမရှိဘူးပဲ"

မိုးစလေးတွေပါသော လေအေးတွေကြောင့်
ခန္ဓာကိုယ်က အေးစိမ့်စိမ့်ဖြစ်လာတယ်။
ကောင်းကင်ကလဲ အုံ့မှိုင်းနေပြီး အချိန်ကိုက်
ရွာချမယ့် ချိန်ကိုက်ဗုံးတစ်ခုလို။ တိုက်ခိုက်လာသော လေအေးတွေကြောင့် ခိုင်မြဲနိုင်ရဲ့
ဆံနွယ်တွေဟာ လွှင့်နေ၍ ပြောင်နေသော
နဖူးငယ်အား ဖုံးအုပ်ထားသော
ဆံမြိတ်တွေဟာလည်း လေနဲ့အတူ လွှင့်နေဆဲ။ လေတိုက်လွန်းတာကြောင့်
ပါးနှစ်ဖက်လေးဟာ နီရဲနေသည်။

ဂျိန်း

ထွက်ပေါ်လာသောမိုးချိန်းသံကြောင့် နားကို
လက်နှစ်ဖက်နှင့်ပိတ်ပြီးကောင်းကင်ကို
မော့ကြည့်မိတော့ မိုးရေစက်လေးတွေ ကျလာတာကိုသတိထားမိသည်။ ဧည့်ခန်းထဲတွင်ရှိသော
စောင်အပါးတစ်ခုအား ခန္ဓာကိုယ်ပေါ်သို့ လွမ်းခြုံပြီး အိမ်ရှေ့တံခါးပေါက်ဝမှာခြေဆင်းကာ
ထိုင်နေလိုက်သည်။ ခြေထောက်ပေါ်ကျလာသော မိုးရေစက်တွေနဲ့ဆော့နေမိသည်။

တီ..တီ

ကားဟွန်းတီးသံကြောင့် အကိုပြန်လာတာကို သတိထားမိသည်။ ကားထဲက
အလျင်အမြန်ထွက်လာသောအကိုကြောင့်
ထိုင်နေရာကနေ မတ်တပ်လေးရပ်ကာ
ရယ်ပြလိုက်သည်။

"ဘာလို့ အပြင်ထွက်စောင့်နေတာလဲ
မိုးမိပြီးဖျားမယ်လေ ခြေထောက်တွေမှာလဲ ရေတွေနဲ့ ရေဆော့ထားတာလား ဖျားရင်ဘယ်လိုလုပ်မလဲ ကိုယ့်ဘာသာ ဂရုစိုက်မှာပေါ့"

"စကားများလိုက်တာ ကိုကိုရယ် ညီမလေး
အပြင်မှာမိုးအေးတယ် အိမ်ထဲဝင်နေတော့နော်"

တမင်တကာ စကားလမ်းကြောင်းအားလွှဲပြီး ညီမလေးအား အိမ်ထဲဝင်ဖို့ ပြောလိုက်သည်။

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now