အပိုင်း(၉)ဂျိန်း..ဂျိန်း!
"အပြင်မှာမိုးတွေသည်းနေတာပဲ ဒီညတော့ ဒီမှာပဲ အိပ်လိုက်ပါလား"
ပြန်ဖို့စီစဉ်ထားပေမဲ့ ညီရဲ့ စကားတစ်ခွန်းကြောင့် မပြန်နိုင်ခဲ့ဘူး။
"ညီစိတ်ပူနေတာလား"
"အဲ့လိုမျိုးမဟုတ်ဘူး ကိုကိုကြားရင်
တစ်မျိုးထင်လိမ့်မယ်"ဘာမှပြန်မပြောနိုင်တဲ့အထိ တိတ်ဆိတ်သွားခဲ့တယ်။ 'ကိုကိုကြားရင် တစ်မျိုးထင်လိမ့်မယ်' တဲ့
ညီ မလို့ ပြောရက်တယ်။မိုးတွေကသည်းကြီးမည်းကြီးရွာနေတာပဲ။ မိုးကအေးအေး ကိုကို့ရင်ခွင်ထဲ ဝင်အိပ်ရင် ဒီညတော့ အိပ်လို့ကောင်းမှာပဲ။
ကိုကိုရယ်၊ကျွန်တော်ရယ်၊ညီမလေးရယ်
သုံးယောက်သား သရဲကားကြည့်ဖို့ စောင်တွေရော မုန့်တွေရော ပြင်ဆင်နေကြတာ။
အပြည့်အစုံရပြီဆိုမှ ဆိုဖာပေါ်မှာထိုင်ကာ TVကို ဖွင့်လိုက်သည်။ ညီမလေးက ငယ်သေးတော့
ကျွန်တော်တို့နှစ်ယောက်ရဲ့ကြားမှာ
ထိုင်ခိုင်းလိုက်သည်။အစပိုင်းမှာတော့မကြောက်ပေမယ့် နောက်ပိုင်းမှာ တစ်ဖြည်းဖြည်းကြောက်လာခဲ့သည်။မျက်လုံးတွေကို စောင်နဲ့ကာတဲ့အထိတောင် ဖြစ်နေသည်။
"အား..အမေရေ...ဒီသရဲကတော့ လန့်သွားတာပဲ"
"ကိုယ့်ကလေးလေးက လန့်သွားတာလား သရဲကားကြည့်မယ်လို့ဘယ်သူစပြောတာလဲ
အပြီးထိကြည့်ရမယ်""ကိိုကို ငကြောက်ကြီး ညီမလေးတောင်
ဘာမှမဖြစ်ဘူး ခစ်.."ညီမလေးကိုသရဲကြောက်မယ်ထင်တာ
မကြောက်တဲ့အပြင် ကျွန်တော့်ကိုပါလှောင်နေတယ်။ညီမလေးက မကြောက်ဘဲ ကျွန်တော်
ကိုယ်တိုင်ကကြောက်တာဖြစ်နေသည်။ဇာတ်လမ်းတစ်ဝက်လောက်မှာ ညီမလေးက အိပ်ပျော်သွားတာကြောင့် အခန်းထဲမှာ သိပ်ဖို့
ထလိုက်တဲ့အချိန် ခြေထောက်ကနေ နာကျင်မှူကို ခံစားလိုက်ရသည်။ အချိန်အကြာကြီး
မလှုပ်ဘဲ ထိုင်ထားတာကြောင့် ခြေထောက်က အတော်လေးကျင်နေသည်။
YOU ARE READING
တွေ့ဆုံခြင်း အခိုက်အတန့်
General Fictionဇာတ်လမ်းလေးက နည်း"လေးကြမ်းလို့ အသက်ငယ်တဲ့သူတွေအတွက်ကြိုပြီးသတိပေးပါတယ်😉