အပိုင်း(၈)မိုးစက်လေးတွေပါတဲ့လေအေးတွေတောင်
တိုက်နေပြီ။ အကို အိပ်နေတာ အခုထိမနိုးသေး...ပွင့်နေတဲ့ပြတင်းပေါက်ကနေ
တိုက်ခတ်နေသောလေကြောင့် လိုက်ကာစလေးဟာ လွှင့်လို့နေသည်။အကိုရဲ့ ရင်ဘတ်ပေါ်ထိ ဆောင်ကိုဆွဲခြုံပေးပြီး အကိုအိပ်နေတာ ကြာပြီမလို့ ဘေးကနေ
နေ့တိုင်းဝတ္ထုလေးတစ်ပုဒ် ဖတ်ပြလေ့ရှိသည်။ဘေးအခန်းက ညီမလေးပြောတဲ့
စာအုပ်လေးတစ်အုပ် စာအုပ်ဆိုင်ကနေ ဝယ်လာခဲ့တယ်။
ဒီနေ့တော့ ဝတ္ထုအစား၊ အဲ့ညီမလေးပြောတဲ့
'ချမ်းမြ' ရဲ့
'သစ္စာပန်းတွေမလှူခဲ့လို့များ ဝေးလေသလား' ဆိုတဲ့ စာအုပ်ကို အကို့ကိုဖတ်ပြမယ်။မိုးလေဝသခန့်မှန်းချက်
ရွာရန်ရွာနှုန်းအပြည့်နဲ့
မိုးကသည်းသည်းမဲမဲရွာတယ်ရာသီဥတုကတော့ ခင်ဗျားလိုပဲ
အေးတိအေးစက်နိုင်ပေမယ့်
လွမ်းစရာတော့ကောင်းတယ်။ချစ်ခြင်းများဖြင့်
ချမ်းမြအကိုကအေးတိအေးစက်မနိုင်ပေမယ့်
လွမ်းစရာတော့ကောင်းတယ်။ ဖတ်လျက်စ
စာအုပ်လေးကိုပိုက်ကာ မျက်ရည်တွေ
အဆက်မပြတ်ကျပြီး ငိုကြွေးနေမိသည်။
အကို့ကို ပြုစုရတာ ကျွန်တော့်အတွက်မပင်ပန်းဘူးအကို...စောင့်နေရတာကိုပဲ ဝမ်းနည်းမိတာ။
မျက်ရည်တွေကိုသုတ်လိုက်ပြီး အခန်းထဲက ထွက်သွားဖို့လုပ်တဲ့အချိန်..."ဝဿန်..ဝဿန်"
အမျိုးသမီးတစ်ယောက်ရဲ့ နာမည်ကို ငြီးနေတဲ့ အကို့ရဲ့အသံလေးကို မထင်မှတ်ပဲကြားလိုက်ရတယ်။အကို့ရဲ့ အနားကိုသွားကာ အကို့ရဲ့ လက်ကို
လှုပ်ကြည့်လိုက်တော့ မျက်လုံးပွင့်လာတဲ့ အကိုကြောင့် အခန်းထဲကပြေးထွက်ကာ ဆရာဝန်တွေကိုပြေးခေါ်မိသည်။"အခြေအနေတွေလဲပြန်ကောင်းပြီဆိုတော့
မနက်ဖြန် ဒါမှမဟုတ် သဘက်ခါလောက် ဆေးရုံကပြန်ဆင်းလို့ရပါပြီ""ဟုတ်ကဲ့ပါ ဆရာ ကျေးဇူးတင်ပါတယ်
အကို့ကိုအခုလို ကုသပေးလို့"
YOU ARE READING
တွေ့ဆုံခြင်း အခိုက်အတန့်
General Fictionဇာတ်လမ်းလေးက နည်း"လေးကြမ်းလို့ အသက်ငယ်တဲ့သူတွေအတွက်ကြိုပြီးသတိပေးပါတယ်😉