Part-10

1.8K 61 0
                                    



အပိုင်း(၁၀)

​အိပ်ပျော်နေသော အကို့ရဲ့မျက်နှာလေးအား
အနမ်းပေးကာ အိပ်ယာကနေ တိတ်တိတ်လေးထလာခဲ့သည်။ထို့နောက် ညီမလေးရဲ့
အခန်းထဲကိုဝင်ကာ အိပ်ပျော်နေသော
ညီမလေးအား စောင်ခြုံပေးပြီး အခန်းထဲက
ပြန်ထွက်ခဲ့သည်။

​မီးဖိုချောင်ထဲဝင်ကာ အေပရွန် ကို ဝတ်လိုက်ပြီး မနက်စာပြင်ဆင်လိုက်သည်။ညီမလေးက
ဗိုလ်ဆန်တဲ့အစားအသောက်တွေဆိုသိပ်ကြိုက်တာမလို့ ပေါင်မုန့်ကြက်ဥကြော်ဖို့ဆုံးဖြတ်လိုက်သည်။

ရေခဲသေတ္တာထဲက ကြက်ဥ၃လုံးထုတ်ကာ
ပန်းကန်ထဲကို ခွဲလိုက်ပြီး ဇွန်းနဲ့မွှေလိုက်သည်။
ထို့နောက် ပေါင်မုန့်ကို ကြက်ဥနဲ့သုတ်လိုက်ပြီး ဆီထဲထည့်လိုက်သည်။ ညီမလေးအတွက်နွားနို့ကို
ဖန်ခွက်ထဲထည့်ထားပြီး အကို့အတွက် ကော်ဖီဖျော်ဖို့ ရေနွေးအိုးယူလိုက်တဲ့အချိန် ရေနွေးအိုးကလွတ်ကျသွားတာကြောင့် ခြေထောက်ပေါ်သို့ ရေနွေးတွေဖိတ်ကျသွားသည်။

"အား..ပူတယ်..ကိုကို..ကိုကိုရေ"

ပူလွန်းတာကြောင့် ကိုကိုအား အားကိုးတကြီးအော်ခေါ်နေပေမယ့်ရောက်လာတဲ့သူက
တစ်ခြားလူပါ။

"ညီ..ဘာဖြစ်တာလဲ..ညီ..ဘာဖြစ်တာလဲ"

ကြမ်းပြင်မှာငုတ်တုတ်လေးထိုင်တာ ငိုနေသော ညီအား စိတ်ပူလွန်း၍ အနားသွားကာ ပုခုံးလေးကိုလှုပ်လိုက်တော့။ မျက်ရည်တွေနဲ့ရွဲနေသော မျက်နှာလေးဖြင့် မော့ကြည့်လာပြီး

"ခြေထောက်..ခြေထောက် ဟင့်"

ရေနွေးပူလောင်ထားတယ်ထင်တယ် ဘေးနားမှာ ရေပူတွေလဲဖိတ်ကျထားပြီး
ခြေထောက်လေးကလဲ နီရဲနေသည်။
ညီ့အားပွေ့ချီတဲ့အချိန်..

"အဲ့တာ ဘာဖြစ်နေကြတာလဲ! တော်တော်ပျော်နေကြတာလား"

ညီဖြစ်သူရဲ့စကားကြောင့်ဒေါသထွက်ကာ..

"မင်းရဲ့အပြောအဆိုကိုဆင်ခြင်လိုက်!!ညီ့
ခြေထောက် ရေနွေးပူလောင်သွားလို့
နေရာကဖယ်လို့ရအောင် ကူညီပေးနေတာ!!"

"သူ့ဘာသာဘာဖြစ်ဖြစ် ခင်ဗျားနဲ့မဆိုင်ဘူး ခင်ဗျားဝင်ပါစရာလဲမလိုဘူး!!"

တွေ့ဆုံခြင်း အခိုက်အတန့်Where stories live. Discover now