Cause & Effect 3
1.2K 58 6
Unicode
" အနွေးအိမ် " တဲ့။
ဒါက သူ့အနွေးအိမ်လား။ နံရံပေါ်ကပ်ထားတဲ့ ပြက္ခဒိန်က သူမသိသေးတဲ့ ခုနှစ်တစ်ခုကို ပြသနေ၏။ ၂၀၃၀။ မတ်လ။
နေပူပြင်းပြင်းက ရန်ကုန်မြေမှာ တောက်ပနေဆဲ။
သူ့အသက်အရွယ်ကလည်း သူရှိနေသင့်သည်ထက်ပို နုပျိုနေဆဲ။
" ကျွန်တော် ဘယ်အချိန်လောက် သင်တန်းသွားရမှာလဲ မမ "
..................................
သင်တန်းနှင့်ပြခန်းကို sky bridge ဖြင့် ကူးသန်းထားသော Art Gallery အနွေးအိမ်။ မှတ်မိနေဆဲ အသွင်အပြင်အတိုင်းပင်။ လုံးဝကွဲပြားနေခြင်းမရှိ။
" အဲ့ဒါ သင်တန်းကျောင်းမဟုတ်ဘူးလေ "
" ကျွန်တော် ပြခန်းကို ဝင်ကြည့်ချင်လို့ပါ .. သင်တန်းချိန်လည်း လိုနေသေးတယ်လေ "
" ပြီးရော .. ထွက်တော့မပြေးဘူးမလား .."
" ကျွန်တော်မလုပ်ပါဘူး "
" ပြီးတာပဲ ... အပြန်ကျ bus စီးချင်တယ်ဆိုရင်လည်း စီးလာခဲ့ ကားမလွှတ်ပေးတော့ဘူး .. ဖုန်းတော့ကြိုဆက် "
" ဟုတ် "
ပြန်ထွက်သွားပြီဖြစ်သော အမျိုးသမီးကို သူတဆုံးလှည့်ကြည့်နေပြီးမှ ပြခန်းထဲ ဝင်ခဲ့လိုက်တော့သည်။ လူတိုင်းဝင်ရောက်နိုင်သည့် ပြခန်းကလေး။
သူ့မှတ်ဉာဏ်ထဲကနှင့် တစ်ထပ်တည်းတူနေဆဲ။
သို့ဆိုလျှင် သူက ထိုသူပဲ မဟုတ်ဘူးလား။
ဘာလို့ ဤခန္ဓာထဲ ဝင်ရောက်နေမိရတာလဲ။
" ပန်းချီကားတွေ ရောက်လာပါပြီ "
တိတ်ဆိတ်နေသော ပြခန်းထဲ လူလုံးဝမရှိတာမဟုတ်သော်ငြား စကားပြောသံက ရှားပါးသည်မို့ ဤစကားသံက သူ့ကို အနည်းငယ်တော့ လှုပ်ရှားသွားစေ၏။
" အင်း ရောက်လာတဲ့ ကားတွေကို အရင်ဆုံး စစ်ဆေး..
ပြီးမှ Gallery ထဲ ချိတ်ဖို့လုပ် .. not for sale ကားတွေ ကို မမှားစေနဲ့ "
သည်အသံ။ သူမမှားဘူး။ ဒါက ..
" ဟုတ်ကဲ့ပါ Boss "
" ဒါနဲ့စုံစမ်းလို့ရပြီလား "
" ပန်းချီကားပိုင်ရှင်ကိုတော့ စုံစမ်းလို့ရပါပြီ .. ဒါပေမဲ့ ကားထဲက ပုံရိပ်ပိုင်ရှင်ကတော့ ပန်းချီကားမဖြစ်တည်ခင်တည်းက ဆုံးပါးသွားခဲ့ပါပြီတဲ့ .. "