အပိုင်း ၁
53.1K 2.4K 45
၁၉၆၆ ခုနှစ်​ မြန်​မာနိုင်​ငံ ​အောက်​ပိုင်း ဧရာဝတီတိုင်း ။
ဒီ​နေ့ဟာ သူတို့ သမီး​လေးရဲ့ ၉နှစ်​ပြည့်​​မွေး​နေ့။
ကုန်​သွယ်​​မှုနှင့်​ ချမ်းသာကြွယ်​ဝသူမို့ ဦးနီ​ရောင်​​သွေး ​ဒေါ်မြမြခက်​ ဆို တစ်​မြို့လုံး မသိသူမရှိ။
ဦးနီ​ရောင်​​သွေးတို့ ကုန်​တင်​သ​င်္ဘောများ ကမ်းကပ်​လာပြီဆိုလျှင်​ ပစ္စည်းအသစ်​အဆန်းများကိုလာ​ရောက်​ ကြည့်​ရှူသူက တစ်​မြို့လုံးအနှံ့။
" သမီး​လေးက အရမ်းချစ်​ဖို့​ကောင်းတာပဲဗျာ "
" ချစ်​ဖို့​ကောင်းဆို အ​ဖေ​ရော အ​မေ​ရော အရမ်း​တွေ လွှတ်​​ချောတာကိုးဗျ "
" ဟုတ်​ပဗျာ ​ဒေါ်မြမြခက်​တို့က ကွမ်း​တောင်​ကိုင်​မို့ ​ချောတာထားပါ​တော့ ဦးနီ​ရောင်​​သွေးတို့က​တော့ အသက်​ကြီး​လေ နုလာ​လေ ပဲဗျို့ "
မွေး​နေ့ပွဲ​လေးကို ပြုလုပ်​ချင်​ပါသည်​ဟု သမီး​လေး မြမြ​သွေးက​တောင်းဆိုလာ၍ သမီး​လေး၏သူငယ်​ချင်းသာမက မြို့မိမြို့ဖများကိုပါ ဖိတ်​ကြားထားရ၍ ခြံထဲအပြင်​ လမ်းမထိပါ လူ​တွေက အပြည့်​။
" အစ်​ကို ဦး​သောင်းဝင်းတို့​ရောက်​​နေပြီရယ်​ ထွက်​​တွေ့မှ ဖြစ်​မယ်​ထင်​ရဲ့ "
" ​ကောင်းပြီ​လေ အစ်​ကိုသွားလိုက်​မယ်​ ညီမက သမီး​လေးအနား​နေ​ပေးလိုက်​ဦး "
" ဟုတ်​ကဲ့ အစ်​ကို "
မြို့ပိုင်​ ဦး​သောင်းဝင်းတို့ ထိုင်​​နေရာ ဝိုင်းနား​ရောက်​​တော့ သူငယ်​ချင်းဖြစ်​သူတို့ကိုပါ တစ်​ပါတည်း​တွေ့လိုက်​ရ​တော့သည်​။
" ၄၀​ကျော်​ သူ​ဋ္ဌေးကြီး လာပါဗျာ လာပါ "
" ဘာကို ၄၀​ကျော်​သူ​ဋ္ဌေးကြီးတုန်းဗျာ "
" ဟုတ်​တယ်​​လေ လူကြည့်​​တော့ အသက်​အစိတ်​​လောက်​​လေးရှိ​သေးတယ်​  ဘယ်​သူက ထင်​မှာတုန်း ၄၀​ကျော်​လို့ ... မှန်းစမ်း ဆံပင်​ဖြူပြီလား "
မ​တွေ့တာကြာလှ​သော သူငယ်​ချင်းများက ဆွဲထိုင်​ခိုင်းကာ သူ့​ခေါင်းကို လာကြည့်​​နေ​တော့ ရယ်​ရင်း တွန်းထုတ်​ရသည်​။