ဦးနဲ့ ကျွန်တော်
4.7K 314 7
Unicode
နွားနို့တစ်ခွက်ကို ကိုင်ထားရင်းနှင့်ပင် အပြင်ကိုဖောက္မြင်နေရသော မှန်ပြတင်းကျယ်ကြီးနားမှာ ထိုင်နေမိသည်။ နှင်းဖွဲဖွဲကျနေသော ခြံကျယ်ထဲမှာ ဂေါ်ပြားတစ်လက်ဖြင့် ထုလိုက်ရှိနေသောနှင်းခဲများကို လမ်းထွင်နေသော ကောင်ကလေးကို သူကြည့်နေမိသည်။
နှစ်ပေါင်းတစ်ရာဆိုတာ နည်းသည်မှမဟုတ်ပဲလေ။ လွန်ခဲ့သောနှစ်နှစ်က ဟိုတစ်ဒီတစ်စရိှလာသည့် ဆံပင်ဖြူတွေက အခုတော့ တစ်ခေါင်းလုံးကို ဖုံးလာနေပြီ။
သူသိနေသည်။ သူ့အတွက် အိုမင်းခွင့်ပေးလိုက်ပြီဆိုကတည်းက ဇရာဆိုတာ အလျင်အမြန်ရောက်လာတော့မည်မှန်း။
ဒီကလေးကို သူဆွဲထားဖို့သင့်ပါရဲ့လားလေ။ လှိုက်တက်လာသော ဝမ်းနည်းမှုနှင့်အတူ ကျောပြင်မှ စူးအောင့်လာသောခံစားမှုသည် သူ့ကို မျက်ရည်ပါဝဲစေ၏။
လူသွားလမ်းကလေးကို ရှင်းပြီးသွား၍ အိမ်ထဲပြန်ဝင်လာသော နှောင်းဟာ သူ့ဘက်ကို လှည့်ကြည့်လာ၏။ လက်အိတ်ကိုချွတ်ကာ အဝင်ဝရှိခုံသေးသေးလေးပေါ် ပစ်တင်လိုက်သည်။ ဂေါ်ပြားကိုတော့ တံခါးဘေးရှိ ဖိနပ်တင်သည့်စင်ကိုမီှ၍ ထောင်ကာ နှင်းတောစီးဖိနပ်ကို ချွတ်သည်။
နှောင်းလုပ်သမျှကိုငြိမ်၍ကြည့်နေသော သူ့ကို နှောင်းက အသာအယာ လှည့်ကြည့်လာသည်။ နောက်တော့ ခေါင်းပေါ်ကခေါင်းစွပ်ကိုပါချွတ်ချလိုက်လေသည်။
သူထိုင်နေရာနံဘေးလာထိုင်ကာ အေးခဲနေသောလက္များကို မီးလင်းဖို၏အနွေးဓာတ်အောက္မှာ နွေးထွေးလာမလား ရည်ရွယ်ကာ ပွတ်တိုက်နေလေသည်။
နှောင်း၏ကိုယ်လုံးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းတော့ နှောင်းကအလိုက်သင့် သူ့ထံမှီလာ၏။ စိုရွှဲမနေပေမဲ့ အေးစက်နေသော ဆံပင်တွေကို သူ့မေးအောက်ထားပြီး နှောင်းရဲ့အေးစက်နေသော လက်တို့ကိုပါ သူ့လက်တွေနဲ့ ဆွဲယူကာ သူ့အနွေးအင်္ကျီ၏အောက် သူ့ဗိုက်သားပေါ် တင်ပေးထားမိတော့သည်။
" ငြိမ်ငြိမ်နေလေ "
" ဦး "
" ဟင် "