အပိုင်း ၁၆
12.4K 1.3K 22
အပိုင်း ၁၆
ပန်းချီပစ္စည်းအကုန်ယူခဲ့ပေးပြီးတာနဲ့ အကုန်ချထားပေးလိုက်သည်။
" ကဲ ကိုလင်းစေ ခင်ဗျားက ပန်းချီဆွဲတတ်တယ်လို့ပြောတယ်နော် "
" ဟုတ်ကဲ့ "
" ဒါဆို ဒီပစ္စည်းတွေကို ကျွန်တော်တို့ မတပ်ဆင်ပေးတော့ဘူး ခင်ဗျားကိုယ်တိုင် ပြင်ဆင်ပါ ... ဒါတွေက ခင်ဗျားပြောတဲ့ သက်သေတွေရဲ့ တစ်ပိုင်းတစ်စ ဖြစ်နိုင်ပါတယ် "
" ကောင်းပါပြီ "
ကိုလင်းစေဟာ သူယူလာခိုင်းတဲ့ ပန်းချီဆွဲတဲ့ ကင်းဗတ်စနဲ့ ထောက်တိုင်တို့ကို လုံးဝနေသားတကျဖြစ်သွားအောင်ထိ ပြင်နိုင်သည်။
မဆိုးပါဘူး .. ဒါဆို တစ်ဝက်လောက်တော့ သေချာပြီ။
ပြင်လို့ပြီးတာနဲ့ ဆရာမနှင်းငွေနဲ့ နှောင်းတို့က အချိန်ကိုက်ရောက်လာသည်။
" ကဲ ဆရာတို့နှစ်ယောက်က ကျွန်တော်နဲ့အတူ အကဲခတ်ရအောင်.. ကဲ ကိုလင်းစေ ခင်ဗျားဆွဲခဲ့ပါတယ်လို့ပြောခဲ့တဲ့ ပန်းချီကားက ဆီဆေးလား ရေဆေးလား "
" ရေဆေးပါ "
" သေချာလား "
" သေချာပါတယ် .. ဘာလို့လဲဆို  ဒီပစ္စည်းတွေက မြဖြူကိုယ်တိုင်ဝယ်ပေးခဲ့တာပါ ... သူက နှလုံးရောဂါအပြင် ပန်းနာရင်ကြပ်ရောဂါပါ ရှိတော့ ဆီဆေးပန်းချီဆွဲလို့မရဘူး .. သူကိုယ်တိုင်က ကျွန်တော့ကိုသင်ပေးခဲ့တာမို့ ကျွန်တော်ကိုယ်တိုင်လည်း ရေဆေးပဲ ဆွဲခဲ့တာပါ "
" ကိုလင်းစေအနေနဲ့ ပထမအဆင့်အကဲဖြတ်အောင်မြင်ပါပြီ .. ဟုတ်ပါတယ် ဒီကားက ရေဆေးပါ "
" ကျွန်တော်အမှန်အတိုင်းပဲ ပြောတာပါ "
" ကောင်းပြီ ဒုတိယအကဲဖြတ်အဆင့်အနေနဲ့ ခင်ဗျားကောက်ကြောင်း စချနိုင်ပါပြီ "
ခဲသားတွေချထားပေးပေမဲ့ ကိုလင်းစေက တစ်ခုမှကောက်မကိုင်ပေ။
စုတ်တံကိုလည်းမကိုင်။
အင်းးးး စိတ်ဝင်စားဖို့တော့ကောင်းသား။
အပေါ်ဝတ်အင်္ကျီကိုဟကာ လည်ပင်းမှဆွဲထားသော လော့ကတ်လေးကိုထုတ်လိုက်သည်။ လော့ကတ်လေးက ပုံမှန်လော့ကတ်ဆိုဒ်ထက်တော့ အနည်းငယ်ပိုကြီးသည်။ ပုံစံလေးက လေးထောင့်ဆန်ဆန်လေး။