အပိုင်း ၃၀-အပိုငျး ၃၀
12.1K 1.2K 11
For Zawgi
သူအိမ်မပြန်တာ နှစ်ရက်ရှိနေပြီ..
သူကညဘက်ထမင်းသိပ်မစားတာမို့ သူ့ကိုဘယ်သူမှလာမနှိုးရဲကြဘူး..
အချိန်က ည၁၀နာရီလောက်ဖြစ်မယ်... ဖုန်းသံတတီတီနဲ့အတူ သူနိုးလာတယ်...
ဖုန်းက မကိုင်မချင်းခေါ်နေမဲ့ပုံပဲ...
သူငြီးစီစီဖြစ်လာလို့ ရေထပ်ချိုးဖို့လုပ်လိုက်တယ်.. ရေချိုးခန်းထဲဝင်ခါနီး ဖုန်းscreenကိုသူတစ်ချက်ကြည့်မိတယ်.... ရဲရဲနီနေတဲ့ miss called တွေ ...
မြည်လိုက် အချိန်ကုန်ရင် ပြန်ကျသွားလိုက်နဲ့ သူ့အခန်းထဲမှာ အသံတွေက ပဲ့တင်ထပ်လို့..
ဒါပေမဲ့ အခန်းတွေက အသံလုံစနစ်တပ်ထားတာမို့ အခန်းထဲမှာ ကမ္ဘာပျက်နေရင်တောင်  အပြင်ကဘယ်လိုမှမသိနိုင်ဘူး..
သူရေချိုးခန်းကထွက်လာတော့ ဖုန်းကထပ်မမြည်တော့ဘူး.. noti light တောင်မလင်းတော့တာမို့ battery ကုန်သွားပြီဖြစ်လိမ့်မယ်...
အားသွင်းကြိုးမပါလာတာ သတိရမိပေမဲ့ သူဘာမှလုပ်လို့မရလေဘူး...
ထပ်ဝယ်ရင်ရပေမဲ့ .. ကြိုးကိုသွားပြန်ယူဖို့အတွေးက ပိုကြီးစိုးနေတယ်လေ ...
ဒီနှစ်ရက်အတွင်းသူ့မှာ အိပ်လို့လည်းမပျော်... စားလို့လည်းမဝင် ...
တစ်စုံတစ်ယောက်မရှိတဲ့ အိပ်ယာကျယ်ကျယ်က သူ့ကိုနွေးထွေးမှုမပေးနိုင်ဘူး... ထိုတစ်စုံတစ်ယောက်ချက်ပြုတ်တာမဟုတ်တဲ့ အစားအသောက်ကလည်း သူ့ကိုစားချင်စိတ်မဖြစ်ပေါ်စေဘူး...
Gallery နဲ့ သင်တန်းကပိတ်ထားတာမို့ သူအလုပ်သွားစရာမလိုဘူး..
ဒီအိမ်ကို ကလေးငယ်မသိနိုင်တာမို့ .... သူအပြင်မထွက်ပဲ အိမ်ထဲအောင်းနေလို့ရတယ်လေ ..
သူကနဂိုတည်းက အိမ်တွင်းအောင်းနေရတာကြိုက်တဲ့ ​ကြောင်လေးတစ်ကောင်လိုပဲမို့ သူ့အတွက် နှောင်းကိုရှောင်ရတာ သိပ်မခက်ပါဘူး...
အခုဖုန်းပိတ်သွားတော့ ပိုတောင်ကောင်းသွားသေးတယ်လို့မှတ်ယူလို့ရတယ်..
ဒါပေမဲ့ ဒီလိုလုပ်တာက ကလေးဆန်ဆန် ရှောင်ပြေးနေတာမျိုးပဲ ....