Happily Ever After
15.4K 1K 71
For Zawgyi
" ရော့ "
စာအိတ်နီနီက အရမ်းတော့ထူမနေ ... ဒါပေမဲ့ရွေရောင်စာလုံးတွေရိုက်နှိပ်ထားတဲ့ အနီရောင်စာလုံးက သိပ်ကိုလှတယ် ....
ဒါပေမဲ့ စာအိတ်ကိုကိုင်ထားတဲ့ လက်ကလေးတွေက ပိုလှတယ် ...
.
.
.
.
.
မြန်မာပြည်ကပြန်လာပြီးကတည်းက သူအရင်က အလုပ်လုပ်ဖူးတဲ့တက္ကသိုလ်မှာ ဆရာအတူတူလိုက်လုပ်ပါမယ်ဆိုပြီးပြောတော့ သူ့မှာ ငြင်းရခက်...
ဝါသနာတူ စရိုက်တူမို့ ပြောလည်းလက်ခံမှာမဟုတ်တဲ့ နီရောင်သွေးက ကြည့်တော့သာ ဘာမှမဟုတ်တာ ခေါင်းတော့အင်မတန်မာသည်.... .
အရင်က သူ့ကိုအလျှော့ပေးခဲ့တာနဲ့ တစက်လေးမှမတူ...
သူကိုယ်တိုင်ကလည်းငယ်တော့တဲ့သူမဟုတ်တာကြောင့်လည်းပါမည်... နီရောင်သွေးကိုယ်တိုင်ကလည်း သာမန်လူဖြစ်တာကြောင့်ပါမည်... အခုတော့သူတို့ဟာ အသက်သိပ်မကွာတဲ့ ချစ်စရာခန့်ချောစုံတွဲလေး...
ပေကျင်းမှာနေချင်တယ်ဆိုလို့ သူတို့ ထိုင်ဝမ်မှာ အခြေချမယ်စဉ်းစားထားခဲ့တာက ကွယ်ပျောက်လို့သွားသည်...
ဘာပဲဖြစ်ဖြစ် ချစ်သူရည်းစားသက်တမ်း သုံးနှစ်ပြည့်ပြီးလို့ကျော်တောင်ကျော်ပြီလေ .... သူ့အနေနှင့်လက်ထပ်ချင်တာပေါ့...
အသက်၃၀မပြည့်ခင် ကိုယ်ချစ်ရတဲ့သူနဲ့လက်ထပ်ချစ်တာတော့မလွန်ဘူးမလား... ထိုင်ဝမ်ကိုခဏသွားဖို့ပြောချင်ပေမဲ့ ဘယ်နားက အစရှာရမယ်မှန်းမသိ....
ခုတလော နီရောင်သွေးဟာ အလုပ်အနည်းငယ်များနေပုံပေါ်တာမို့ နှောင်းခမျာ မနှောင့်ယှက်ရဲ့ချေ....
သူနဲ့တွေ့တဲ့အချိန်က ညအိပ်ချိန်နဲ့ မနက်စာစားချိန်ပဲ ....
ညကျပြန်တော့ နှစ်ယောက်သား ကျောင်းမှာပင်ပန်းခဲ့လို့အိပ်ပျော်.... မနက်ကျတော့လည်း ရထားချိန်နောက်ကျမှာစိုးလို့ ကသုတ်ကယက်နဲ့ဆိုတော့ သူတို့မှာစကားပြောချိန်ကိုနည်းလို့ ....