အပိုင်း ၂၃ ( 23 )
12.1K 1.2K 17
အပိုင်း ၂၃
ပြုတ်ကျသွားသော အကြမ်းပန်းကန်လုံးကို မီးငယ်လေးက တံမြက်စည်းနဲ့လာသိမ်းသည်...
ပြီးတာနဲ့ Reception ကို လှမ်းပြောလိုက်သည်... ဟုတ်တယ်လေ ဒါက ဟိုတယ်ကပိုင်တာကို ...
" ဘိုးဘိုး ... ခယောင်းကိုသိနေတာလား "
" သိတယ်ဆိုတာထက်ကို ရင်းနှီးတာပါ ... "
" အိုး လောကကြီးက ကျဉ်းကျဉ်းလေးပဲ ... ဘိုးဘိုးက ခယောင်းကိုသိနေမှတော့ မီးငယ်တို့ကို လက်ခံပေးနိုင်မယ်မလားဟင် ဘိုးဘိုး "
ချစ်စဖွယ် မျက်လုံးတောက်တောက်ကြည်ကြည်လေးများက ဘိုးအေဖြစ်သူဟာ သူမလေး၏အချစ်ရေးကို ကျိန်းသေပေါက်လက်ခံလိမ့်မည်ဟု တစ်ထစ်ချ တွက်ထားပုံပင် ...
" ခယောင်းနဲ့ဆိုရင်တော့ .... ကျုပ်စိတ်ချပါပြီ "
မသိမသာ သက်ပြင်းအသာချလေတော့ မီးငယ်လေးက လှည့်ကြည့်လာသည်... ကျော်မောင်ကတော့ သမီးဖြစ်သူအတွက် စိတ်ပူနေပေမဲ့ သူ၏နှုတ်ထွက်စကားနဲ့တင် စိတ်ချလက်ချဖြစ်သွားပုံရဟန်တို့က ထင်ပေါ်နေ၏ ...
" နားကျတော့ မနက်ဖန် သင်္ကြန်လည်းပြီးပြီဆိုတော့ ဘုရားပတ်ဖူးမယ် ... ပြီးရင် ပြန်ကြတာပေါ့ "
" ဟုတ် ဘိုးဘိုး "
မီးငယ်၏အခန်းကနေ သူနဲ့ကျော်မောင် ပြန်လာချိန်က ည၈နာရီ ....
ကျော်မောင်တစ်ယောက်သူ့ကို တစ်ခုခုပြောချင်နေပုံရသည်... စိတ်တို့လှုပ်ရှားကာ လက်တို့ကို တစ်ဖက်နှင့်တစ်ဖက် ပွတ်ချေနေလေသည်....
" ဘာပြောစရာရှိလို့လဲ ကျော်မောင် "
" ဘိုးလေး တကယ်ပဲ အဲ့ဒီသူငယ်ကိုသိတာလား "
သူသက်ပြင်းထပ်ချမိပြန်သည်... ဒီနေ့မှာတင် သက်ပြင်းတွေ ဘယ်နှစ်ခါချမိနေပြီလဲ သူမရေတွက်တတ်တော့ပါ ...
" အင်း သိတယ် ... ခယောင်းနဲ့သိတာထက် ခယောက်းရဲ့မိသားစုနဲ့သိတာမျိုးပါ ... ကျုပ် တရုတ်မှာသိခဲ့တာ ... "
လက်ရှိ ခယောင်းရဲ့အမြွှာညီက သူ့အိမ်မှာဆိုတာတော့ ထည့်မပြောဖြစ်တော့ပေ... မလိုလောက်သေးဘူးလို့ သူထင်တယ်...