“ ထန်မင်းဆက်ခေတ်တွင် စိတ်အေးလက်အေး နေထိုင်ခြင်း ”
Genre - Adventure, Comedy, Fantasy, Historical, Romance, Brotherhood
မိတ်ဆက်...
ထင်ရှားကျော်ကြားသော ထန်မင်းဆက်မှူးမတ်များနှင့် အင်တာဗျူးတစ်ခုတွင် : မင်းတို့ လီယွမ်ယင်းကို သိလာကြတာ အတော်ကြာပြီ။ သူ့ရဲ့အကျင့်စရိုက်ကို မင်းတို့ ဘယ်လိုထင်ကြလဲ?
ဝေ့ကျန်း : အရှက်မရှိဘူး!
ဖန်းရွှမ်လင် : အရှက်မရှိဘူး!
စွင်းစီမြောင် : အရှက်မရှိဘူး!
အရှင်မင်းကြီး လီအာ့ : ငါကိုယ်တော်ရဲ့ အရှက်မရှိဆုံး ညီတော်
လီယွမ်ယင်း : မင်းတို့ စကားဆက်ပြောကြ! ကျွန်တော် အရင်သွားနှင့်ပြီ။
ဤသည်ကား ထန်မင်းဆက် ဧကရာဇ်ထိုက်ကျုံး၏ အငယ်ဆုံးညီတော် လီယွမ်ယင်း၏ စွန့်စားခန်းများ ( သို့မဟုတ် ပိုမိုတိကျချင်လျှင် ဗရုတ်သုတ်ခများ ) ကို မှတ်တမ်းတင်ပြုစုထားသော ပေါ့ပေါ့ပါးပါး ဝတ္ထုတစ်ပုဒ် ဖြစ်သည်။
• ဒီဝတ္ထုက အသက်ရှစ်နှစ်၊ကိုးနှစ် ကလေးတစ်ယောက်ကို အခြေပြုပြီး ဟာသနှော ရေးထားတာပါ။ ကလေးပေါက်စ MC ကို သူ့အဖေ အရင်ဧကရာဇ်ကြီးက အရမ်းအလိုလိုက်ခဲ့ပြီး သူ့အစ်ကို လက်ရှိဧကရာဇ်ကလည်း အရမ်းအလိုလိုက်ပါတယ်။ အလိုလိုက်တာလည်း မဆန်းပါဘူး။ သူ့အစ်ကိုနဲ့ သူက အသက်သုံးဆယ်ကျော်လောက် ကွာပါတယ်။ သူ့အစ်ကိုရဲ့ အကြီးဆုံးကလေးတွေကတောင် MC ထက် ဆယ်နှစ်ကျော်လောက် ကြီးကြတယ်။ ဒါပေမယ့် MC က သူ့ကိုယ်သူ ဦးလေး ဆိုပြီး သူ့အစ်ကိုရဲ့ ကလေးပေါက်စတစ်သိုက်ကို ဦးဆောင်ခေါ်ပြီး နန်းတော်တစ်ခုလုံးကို ပတ်ဆော့တာပါ။ အရမ်းရယ်ရတယ် 🤣
• MC က အရမ်းဉာဏ်ကောင်းပါတယ် ဒါပေမယ့် ငပျင်းပါ။ သူ့လက်ကိုင်ကတော့ သူများတွေကို မှန်မှန်ကန်ကန် နေရာချပေးပြီး အလုပ်ခိုင်းရင်းနဲ့ သူက အေးအေးဆေးဆေး နေရဖို့ပါ။ သူက စကားပြောလည်း အရမ်းတော်တယ်။ အရှက်လည်း မရှိသလို ကံလေးကလည်း ကောင်းသေးတယ်။ သူက အရွယ်ရောက်လာရင်း၊ ဆော့ကစားရင်းနဲ့ ထန်တိုင်းပြည်ကြီး တိုးတက်လာအောင် လုပ်ပေးတာကို ဖြည်းဖြည်းချင်း ဖတ်ရမှာပါ။
• system လည်း ပါပါတယ်။ system ကတော့ ဒီတိုင်း cheat တစ်ခုလောက်လေး ဖြစ်နေတာ။ လီယွမ်ယင်းက အကုန်ပြည့်စုံနေတော့ system က ဘာပေးပေး စိတ်မဝင်စားဘူး 🤣 နောက်ဆုံး စားစရာနဲ့မျှားမှ ရတာ 🥹
နန်းတွင်းဝတ္ထုဆိုတဲ့အတိုင်း ဒရမ်မာကလည်း နည်းနည်းလေးတော့ ပါပါတယ်။ ဒါပေမယ့် အရမ်းကို စိတ်ချမ်းသာစရာကောင်းပါတယ် ✨ သံသယနည်းနည်း ရှိပေမယ့် အမြဲအလိုလိုက်တဲ့ ဧကရာဇ်အစ်ကိုကြီးရယ်၊ ဦးလေးပေါက်စကို အလိုလိုက်တဲ့ မင်းသားတွေရယ်၊ လီယွမ်ယင်းကို အမြင်ကတ်ပြီး ကြည့်မရပေမယ့် ဘာမှမလုပ်နိုင်လို့ ငြိမ်နေရတဲ့ အမတ်တွေရယ်၊ ဝါတွေဘာတွေ မသိဘဲ ယောင်ယောင် ဆိုပြီး လီယွမ်ယင်း နောက်ကနေ လျှောက်လိုက်တဲ့ မုန်လာဥတစ်သိုက်ရယ်၊ တဖြည်းဖြည်း တိုးတက်လာတဲ့ ထန်တိုင်းပြည်ကြီးရယ်... အပိုင်း ၂၂၀ နဲ့ extra ၂၁ ပိုင်း ရှိပြီး ဖတ်ရတာ စိတ်ချမ်းသာစရာပါ 🫂
ကိုယ် အကြိုက်ဆုံးကတော့ လီယွမ်ယင်းရဲ့ အစေခံ ကုန်းကုန်းအလှလေး သိုက်ထင် 😭