Part 9

57 8 0
                                    

​​​​​​​​ ဝေ့ရှုသည်  သံသယဖြင့် စာအုပ်ဖယ်လိုက်ပြီး လီယွမ်ယင်း နောက်သို့လိုက်သွားသည်။

လီယွမ်ယင်း သည် သိုက်ယင်ကို အိတ်တစ်လုံး ပေးဖို့ပြောလိုက်ပြီး ဝေ့ရှုအား တူဖြစ်သူလီကျိအားသွားရှာရန်ခေါ်သွားခဲ့သည်။

ချောင်ဆန်းဝူကျိသည် အမျိုးမျိုး သော ကိစ္စ များစီစဥ်နေသည်။ လီယွမ်ယင်း လာသည်ကို မြင်သောအခါ
သူမေးလိုက်သည်။
"မင်းသားဘာလို့ဟောပြောပွဲကိုမသွားဘဲ ကျွန်တော် ဆီလာတာလဲ"

ဝေ့ရှုသည် ဝေ့ကျန်း၏ မြေးဖြစ် သော်လည်း ဝူကျိ ကိုတွေ့ခွင့်မရှိပေ။ သူမသည် ပင်ကိုအားဖြင့် ထက်မြက်သော်လည်း  ချောင်ဆန်းဝူကျိ၏ အဆင့်အတန်းအား
သူ့ခါးပတ်မှတစ်ဆင့်သိနိုင်သည်။

လီယွမ်ယင်း သည် အခြားသူများကဲ့သို့ စိုးရိမ်ပူပန်ခြင်းမရှိပါ။

ဝူကျိ သည် စီဇီနှင့် အခြားသူများ၏ တူဖြစ်ပြီး မင်းကြီးလီအာ့၏ယုံကြည်အားထားမူကိုလည်းရရှိထားသူတစ်ဦးဖြစ်သည်။

လီယွမ်ယင်း၏ အမြင်တွင် သူနှင့် ချောင်ဆန်းဝူကျိတို့သည်ဆွေမျိုးများအဖြစ်သတ်မှတ်နိုင်သည်။သူသည် ချောင်ဆန်းဝူကျိအား သူ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ပြောပြခဲ့သည်။
" yamen တစ်ခုစီမှာ စွန့်ပစ်ထားတဲ့စာရွတ်စာတမ်းတွေရှိတာကို ကျွန်တော် သိတယ် ၎င်းတို့တွေကဘအသုံးမဝင်တော့ဘူးဒါမယ့်သူတို့ကိုမသုံးရင်ဖြုန်းတီးရာကျသွားမယ်ဒါကြောင့် လက်ရေးနဲ့ရေးထားတဲ့စာတစ်စောင်ကိုတောင်းချင်တယ် ရန်ိုင်မလား"
(yamen အကြောင်း ကိုကိုယ် media မှာပြောပြထားပါတယ်နော်)

ချောင်ဆန်းဝူကျိသည် အခြားသူများကို ကြင်နာတတ်သူဖြစ်သည်။ ထိုကြောင့် လီယွမ်ယင်း၏ စကားကိူ နားထောင်ပြီး နောက် စာရွက်စာတမ်းတွေ ကိုလွင့်ပစ်ရန် တစ်စုံတစ်ရာ မရှိဟု ခံစားမိကာ လီယွမ်ယင်းအတွက်လက်ရေးဖြင့်စွယ်စုံကျမ်းတစ်စောင်ရေးခဲ့သည်။

လီယွမ်ယင်း က ချောင်ဆန်းဝူကျိ ရေးထားသည့်စာမူကိုယူကာ ဝေရှုနှင့် ဝမ်းသာအားရ နဲ့ တွေုရန် ပြေးသွားခဲ့သည်။ ဝေရှုကို သူနဲ့အတူအိတ်နှင့်ဖွင့်ပြီး စွန့်ပစ်ခံထားရသည့် စာရွက် စာတမ်း တွေကို တောင်းဖို့ သက်ဆိုင်ရာ ရုံးတေယ်အသီးသီးကိူသွားခဲ့သည်။

 ထန်မင်းဆက်ခေတ်တွင် စိတ်အေးလက်အေး နေထိုင်ခြင်းWhere stories live. Discover now