Part 2.1

365 32 0
                                    

မင်းကြီးလီအာ့သည် စီဇီ၏ လက်တစ်ဖက်ကို ကိုင်ထားပြီး အခြားတစ်ဖက်တွင် အငယ်ဆုံး မင်းသမီး ဟန်ရှန်ကို ကိုင်ဆောင်ကာ အားလုံးအား အနားယူရန်ဂျီဆောင် နန်းတော်သို့ ခေါ်ဆောင်သွားခဲ့သည်။

လီဇီနှင့် အခြားသူတို့အား မင်းကြီးလီအ့ာမှ ခေါ်ဝေါ်ခြင်းခံရသည်ကို မြင်လိုက်ရသဖြင့် လီယွမ်ယင်း သည် "ဂျီဆောင်နန်းတော်လီကွမ် ကမ္ပည်းစာ" ကို ကိုယ်တိုင်ကြည့်ရန် ခိုးထွက်ချင်သော်လည်း ခြေလှမ်းအနည်းငယ်လှမ်းကာ  ရပ်တန့်သွားခဲ့သည်။

အစောင့်နှစ်ဦးက မင်းကြီး လီအာ့သည် အချိန်မရွေး ဆင့်ခေါ်ခြင်းကို စောင့်ဆိုင်းရန် လူတိုင်းကို နာခံမှုရှိရှိ လိုက်နာရန် အမိန့်ပေးခဲ့သည်ဟု ပြောကြားခဲ့သည်။

ထိုအချိန်မှပင် လီယွမ်ယင်းသည် သူ၏အစ်ကိုက သူအား မေ့သွားပုံရသည်ကို သိလိုက်သော်လည်း အမှန်တကယ်တွင် အစောင့်နှစ်ယောက်အား သူ့ကို စောင့်ရှောက်ရန် စေလွှတ်လိုက်သည်။

အရမ်းအနိုင်ကျင့်တဲ့သူက ဒုက္ခရောက်အောင် ကြိုက်တဲ့လူ မဟုတ်ပေ။

လမ်းတစ်လျှောက်တွင်၊ မင်းကြီး လီအ့ာ သည် စီဇီ မှပြန်ပြောပြသော "ပြောျရှှ စကားကို နားထောင်ခဲ့သည်။ ဇာတ်လမ်းက တကယ်ကို ဇာတ်လမ်းကောင်းဖြစ်ပေမယ့် မင်းကြီးလီအာ့က ကလေးမဟုတ်ပေ။ ကလေးတွေရဲ့ကမ္ဘာနဲ့မသက်ဆိုင်တဲ့ ဇာတ်လမ်းထဲမှာ လျှို့ဝှက်ထားတဲ့အရာတွေရှိတယ်လို့ သူကြားဖူးသည်။ သဘာဝအတိုင်း၊ သူသည် ငှက်တစ်ကောင်နှင့် စီဇီ ကဲ့သို့သော ကလေးအတွက် ဝမ်းနည်းနေမည်မဟုတ်ပေ။

မင်းကြီး လီအာ့ သည် စီဇီ ကို အလွန်စိတ်ရှည်စွာဖြင့် ချော့မော့ပြီး နောက်ဆုံးတော့ ကောင်းကင်က ကောင်းကင်တမန်က သူတို့ကို ကောင်းကင်ဘုံဆီ ခေါ်ဆောင်သွားပြီး ပျော်ရွှင်စွာအတူတကွနေထိုင်ခဲ့တယ်"ဟုပြောခဲ့သည်။

စီဇီသည် မင်းကြီးလီအာ့ ၏လည်ပင်းကို ပွေ့ဖက်ကာ လီအာ့၏လည်ပင်းပေါ်တွင် ခေါင်းကိုတင်လိုက်ပြီးသူမအသံမှာ အနည်းငယ်ဆို့နင့်နေသေးသည်။    "ဒါပေမယ့် သမီးအရမ်းဝမ်းနည်းနေသေးတယ်! ဒီလူတွေက အရမ်းဆိုးလွန်းတယ် ပြီးတော့ ပျော်ရွှင်နေတဲ့မင်းသားလေး ကိုလည်း မီးဖိုထဲကို ပစ်ချလိုက်တာ။ လို့ပြန်ပြောခဲ့သည်။

 ထန်မင်းဆက်ခေတ်တွင် စိတ်အေးလက်အေး နေထိုင်ခြင်းWhere stories live. Discover now