2

574 87 2
                                    

ဗူးအဖုံလေးကိုအသာအယာဖွင့်ကြည့်မိတော့ တစ်လလုံး သူလက်ခံလာတဲ့ သကြားလုံးသေးသေးလေးတွေနဲ့ပီကေကဒ်လေးတွေက အစီအရီ။လောလောလတ်လတ် ရထားတဲ့စတော်ဘယ်ရီဗူးကိုပါ သေချာထည့်လိုက်တော့တယ်။

ဒေါက်..ဒေါက်

တံခါးခေါက်သံကြောင့်ဗူးအဖုံးကိုအမြန်ပိတ်လိုက်ရင်း အောက်ကဗီရိုအသေးထဲကိုပြန်ထည့်ထားလိုက်ပြီး တံခါးသွားဖွင့်လိုက်တော့ သစ်သီးပန်းကန်ကိုကိုင်ထားတဲ့ဒေါ်လေးကိုတွေ့လိုက်ရသည်။

"သား အတွက် ဒါလေး"

"အော် ဟုတ် ကျေးဇူးပါဗျ"

ဒေါ်လေးလက်ထဲကပန်းကန်ကို လက်လွဲယူလိုက်ပြီးတဲ့အထိအခန်းထဲကပြန်ထွက်မသွားသေးဘဲ ရပ်နေသေးတာကြောင့် တစ်ခုခုပြောချင်နေတယ်ဆိုတာ ကျန်းဟောက်သိလိုက်တယ်။

"ဒေါ်လေး ထိုင်ဦးလေ"

"သား ဒေါ်လေးပြောစရာရှိလို့"

"ဟုတ် ပြောပါ"

မပြောခင်ဒေါ်လေးက အားနာပြုံးမျိုးနဲ့သူ့ကိုပြုံးပြလာတယ်။

"အိမ်နားကို ဟိုရက်ကသားမိနှစ်ယောက်ပြောင်းလာတယ် လမ်းထိပ်ကခြံမှာလေ အဲ့ဒါ အဲ့ကအမနဲ့ စကားပြောဖြစ်တော့ သူက သူ့သားကို guide ပြစေချင်နေတာ အထက်တန်းပထမနှစ်နဲ့ သားတို့ကျောင်းကပဲ"

"ကျွန်တော်က guide လုပ်ပေးရမှာလား"

ဒေါ်လေးကခေါင်းငြိမ့်ပြလာသည်။ဒီလိုမျိုးတွေမလုပ်ချင်ပေမဲ့ သူလည်းဒီအသက်အရွယ်နဲ့ထိုင်စားနေလို့မှမသင့်တော့တာလေ။ကျန်းဟောက် တန်း လက်ခံခဲ့လိုက်ပါတော့၏။

______

ကျန်းဟောက်တို့အတန်း ကာယအချိန်ဖြစ်တာကြောင့် အားကစားခန်းထဲဝင်လာတော့ ပထမနှစ်ကလေးတွေက ဘတ်စကတ်ဘောဆော့နေတာနဲ့ကွက်တိကျနေသည်။ဟိုဟိုဒီဒီ ကြည့်မ်ိလိုက်တော့ မျက်လုံးထဲဝင်လာတဲ့ လူဆိုးကောင်လေး။အားကစားယူနီဖောင်းချင်းအတူတူတောင် အဲ့ကောင်လေးဝတ်ထားတာက အားလုံးထက်စမတ်ကျတယ်လို့ ထင်နေမိတယ်။

ရစ်ခီကဘောလုံးကိုသူ့လက်ထဲမှာ သေချာထိန်းထားရင်း ခြေတံရှည်တွေကလည်းခပ်သွက်သွက်လှုပ်ရှား​နေသည်။ခုန် ခုန် ပြီးပစ်လိုက်ရင်းဝင်သွားတဲ့ ဘောလုံးအရေအတွက်က ကျန်းဟောက်ကြည့်တဲ့အချိန်က စ တွက်ရင်တောင်တော်တော်များနေပြီ။ပွဲပြီးတော့ သူ့ သူငယ်ချင်းတွေနဲ့ high five လုပ်နေတဲ့ သူက ကျန်းဟောက်ကိုမြင်တော့ မျက်ခုံးတစ်ချက်ပင့်ပြီး သူ့ဆီရောက်လာရော။

BE MY 520 Where stories live. Discover now