ဒေါက် ဒေါက်
အခုမှအိပ်ပျော်ခါနီးကို တံခါးခေါက်သံကြောင့်ရစ်ခီ စိတ်ညစ်မိသွားသည်။သူ သက်သာပါတယ် ပြောလည်း မေမေက တစ်ချိန်လုံးလာလာကြည့်နေတာ။
"သက်သာတယ်လို့ မေမေ့ သား အိပ်တော့မှာ"
"အဲ့ဒါဆို နောက်မှလာတော့မယ်နော်"
သူ ကျောပေးထားတဲ့အခန်းတံခါးဝနေကြားလိုက်ရတဲ့အသံကြောင့် ဝုန်း ခနဲ လှည့်ကြည့်မိတော့ ကိုကိုပင်။
"အယ်"
အမြဲသေသေသပ်သပ်ဖြစ်နေတတ်တဲ့ကောင်လေးကခုတော့ ဆံပင်စုတ်ဖွားလေးဖြစ်နေတာမလို့ ကျန်းဟောက်ရယ်ချင်မိသော်လည်း အနည်းငယ်ချောင်ကျသွားတဲ့မျက်နှာလေးကြောင့်မရယ်လည်း မရယ်ရက်ပါ။
"ဘယ်လိုဖြစ်တာလဲ ကြာသပတေးညကတောင်အကောင်းကြီးကို သက်ရောသက်သာလို့လား"
"သက်သာပါတယ် အဲ့နေ့ညကအိမ်ပြန်ရောက်တော့ ရေချိုးခေါင်းလျှော်ပြီး ခေါင်းကိုရေပြောင်အောင်မသုတ်ပဲအိပ်မိလိုက်တာ။ဘာဖြစ်လို့ဖြစ်သွားမှန်းတောင်မသိပါဘူး နောက်နေ့မနက်နိုးလာတော့ နေမကောင်းဖြစ်နေရောပဲ"
ရစ်ခီကသက်သာတယ်သာပြောတယ် သူ့မျက်နှာဒီလောက်မအီမသာဖြစ်နေတာ အသိသာကြီးကို..
"ကျွန်တော် နေမကောင်းဖြစ်တာကိုကိုဘယ်လိုသိတာလဲ"
"အန်တီလာပြောတာ မင်းနေမကောင်းလို့ခရီးသွားမဲ့တစ်ပတ်လုံး အိမ်မှာလာနေပေးပါတဲ့ ဆိုပြီး"
"ဗျာ မေမေကအဲ့လိုလာပြောတာပေါ့"
"အင်း ခုနကအိပ်မယ်ဆို အိပ်လေ ငါ အန်တီ့ကို သွားကူလိုက်ဦးမယ်"
"ဒီမှာပဲနေပေး"
နေမကောင်းလို့ပဲပိုအားငယ်နေတာလား သူကိုယ်တိုင်က စိတ်ပူတာလွန်ကဲနေတာများလားသေချာမသိပေမဲ့ ရစ်ခီ့မျက်နှာလေးကသနားစဖွယ်ဖြစ်နေတာအမှန်ပင်။နေမကောင်းဖြစ်ရင်ပိုအားငယ်တတ်တယ် ဆိုတဲ့စကားကြောင့် သူ့အလိုအတိုင်းဒီမှာပဲထိုင်တော့မလို အန်တီ့ကိုသွားကူဖို့ ထ ရမလိုလိုနဲ့သူ့အတွက်ဗျာများလွန်းပါသည်။