အခန်းတံခါးဖွင့်သံကြောင့် ဖုန်းသုံးနေရင်းကနေ ရစ်ခီ ဆက် ခနဲခေါင်းမော့ကြည့်မိလိုက်တယ်။တန်းခနဲ မျက်ခုံးထူထူတွေက တစ်ခုနဲ့တစ်ခုထိကပ်တော့ မတတ် မျက်မှောင်တွေကိုကျုံ့ချမိလိုက်တယ်။
"ဘာဖြစ်တာလဲ အဲ့မျက်နှာက"
"ဘာဖြစ်ရမှာလဲ ကိုကိုရာ ဒီလောက်အေးနေတဲ့ရာသီဥတုမှာ ဒူးပေါ်ရောက်နေတဲ့အဲ့ဘောင်းဘီတိုနဲ့ဘာလုပ်တာလဲဗျာ သွားပြန်လဲ"
"မအေးပါဘူး"
"မအေးလဲ မရဘူး အဲ့လောက်တိုတာမဝတ်နဲ့"
"ဝတ်မှာပဲ သေချာရှာထားတာ ဒီဘောင်းဘီကို"
နှုတ်ခမ်းတထော်ထော်နဲ့ပြောလာတဲ့ကိုကိုသိပ်ချစ်ဖို့ကောင်းနေပေမဲ့ဒီလိုအခြေအနေမှာတော့ သူအလျော့မပေးချင်ပါ။
"ဝတ်ချင်လည်းဝတ်လေ ကျွန်တော်က ကိုကိုခြေထောက်ကို ဒီလို ဒီလိုကိုပတ်ထားမှာ"
ရစ်ခီက သူ့အနက်ရောင် coat ကိုချွတ်လိုက်ပြီး ကျန်းဟောက်ရဲ့ပေါင်ရင်းကနေ စ လို့ ဖုံးအောင်ပတ် ပြီး ချည်ပေးလိုက်သည်။
"ရှန်ချွမ်ရွေ့ မင်းကကွာ"
"မကွာပါနဲ့ လဲ လိုက်ပါ ဒီတစ်ခါပဲ"
သူ ဘောင်းဘီမလဲမချင်းအိမ်ကနေ ထွက်ရမဲ့ပုံမပေါ်တာမလို့ အရှုံးပေးလိုက်ရသည်။ရစ်ခီ့ကို မျက်စောင်းထိုးလိုက်ရင်း ခြေဆောင့်ပြီးအခန်းထဲပြန်ဝင်သွားကာ အခန်းတံခါးကိုလည်း ဒုန်း ခနဲမြည်အောင်ပိတ်ပစ်လိုက်သည်။နောက်ဆုံးတော့လည်း ဝတ်နေကျ pant တစ်ထည်ကိုသာဝတ်လိုက်ရပါသည်။
____
ရစ်ခီကကားမောင်းတတ်ပေမဲ့ ခုထိအသက်မပြည့်သေးတာမလို့တရားဝင်လိုင်စင်မရှိသေးဘူး။အဲ့ဒါကြောင့် တက်စီ ငှါးလိုက်ရင်းသာသွားလိုက်သည်။ဆောင်းရာသီထဲ ရောက်နေပြီမလို့ညနေ နေဝင်တာလည်းစောနေသလိုခံစားရသည်။
ဟော့ပေါ့ဆိုင် လို့သာပြောတယ် ဒီလောက်ကြီးကျအရမ်းကြီးကျယ်ခမ်းနားလွန်းနေတာမဟုတ်ဘူးလား။ဘေးနားကရစ်ခီကို ကြည့်တော့ သူက ပုံမှန်လာနေကျလိုပင် အထူးအဆန်းဖြစ်နေပုံမရပါ။ကျန်းဟောက်ကတော့ ဆိုင်ရဲ့ luxury ဆန်လွန်းတဲ့အပြင်အဆင်ကြားမှာကျုံ့ဝင်သွားသလိုခံစားနေရပြီ။ဆိုင်ထဲမှာလည်း သူတို့နှစ်ယောက်အပြင်တခြားလူမရှိတာမလို့ အရမ်းစျေးကြီးလို့များလာမစားကြတာလားလို့ ခပ်ကြောင်ကြောင်တွေးမိလိုက်သေးတယ်။