နေပူပူထဲမှာ ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့မမောနိုင်မပန်းနိုင် ဘတ်စကတ်ဘောကစားနေတဲ့သူကိုကြည့်ပြီး အရိပ်ထဲကနေထိုင်ကြည့်နေတဲ့သူကတော့ မောလာပြီ။သူကတော့ မောကိုမမောပုံရပါသည်။တစ်ခါတစ်ခါ သူ့ကိုကြည့်ကြည့်ပြီးပြုံးပြဖို့ကလည်းမမေ့။
"ဟို အကိုက ဒုတိယနှစ် အခန်းသုံးက ကျန်းဟောက်လားဗျ"
"ဟုတ် ဘယ်သူလဲမသိဘူး"
"ပထမနှစ် အခန်းဆယ့်တစ်က ဝမ်ကျိုးယွဲ့ပါ ဒါလေး ဟိုနေ့ကကျန်ခဲ့လို့"
အဝါရောင်လက်ကိုင်ပုဝါကိုမြင်မှ ပျောက်လို့ပျောက်မှန်းသိတဲ့ ကျန်းဟောက်အဖြစ်ရယ်။သူကိုယ်တိုင် ချည်ထိုးထားတာမလို့ ပုဝါရဲ့ထောင့်လေးမှာ ကျန်းဟောက်လို့ရေးထားတာကိုး
"အယ် ကျေးဇူးပါ အကိုကပျောက်သွားမှန်းတောင်ခုမှသိတာ"
"ကိုကို့!"
ရုတ်တရက်ကြီး ဘေးကိုရောက်လာတဲ့ရစ်ခီက သိသိသာသာကိုမျက်နှာကတည်တင်းနေတယ်။သူက ဘာလဲ ဆိုတဲ့အကြည့်တစ်ချက်ပေးလိုက်တော့
"ရေသောက်ချင်လို့"
"ရော့ ဖြေးဖြေးသောက်"
"အဲ့ဒါဆို သွားခွင့်ပြုပါဦး စီနီယာ နောက်မှတွေ့မယ်နော်"
"ဟုတ်ပြီ"
"နောက်ကိုဘာကိစ္စရှိလို့ထပ်တွေ့ဦးမှာလဲ"
သူ့စကားသံနဲ့ရစ်ခီ့စကားက တစ်ချိန်တည်းထွက်လာတယ်။ဟိုကောင်လေးမှာ ကြောင်တောင်တောင်လေးနဲ့ပြန်ကြည့်လာလို့ အားနာတဲ့အပြုံးနဲ့ သွားဖြီးပြရသေးတယ်။သူထွက်သွားမှ ဂွစာကောင်ကိုလှည့်ကြည့်လိုက်တယ်။
အမယ် သူကလည်းလူကိုစိုက်ကြည့်နေတာများ နဂါးဆိုရင်ပြာကျတော့မှာ။
"မင်းကရော သူများကိုအမြဲအဲ့လိုတွေဘာလို့လိုက်လိုက်ပြောနေတာလဲ"
"သူကရော ဘာလို့ကိုကို့နားကပ်နေတာလဲ"
"ငါ့လက်ကိုင်ပုဝါလာပေးတာ"
"ဘာလို့ ကိုကို့လက်ကိုင်ပုဝါကရောသူ့ဆီရောက်နေတာလဲ"
"ဟ ပြုတ်ကျသွားလို့ပေါ့ကွ နေပါဦး သူ့ဟာသူ ဘာလို့လာလာဘာလို့အဲ့လောက်ဒေါသထွက်နေတာလဲ"