"ငါ့ကိုမကြည့်နဲ့လို့ စာအုပ်ကိုကြည့်ပါဆိုနေ"
ခဏလေးအတွင်းမှာတင် ဒီစကားကိုသူဘယ်နှခါတောင်ပြောနေရလဲဆိုတာမသိတော့။ရှန်ချွမ်ရွေ့ဟာလေ တကယ်ကိုပြောရဆိုရခက်တဲ့ကလေး။
"အစကတော့ စာအုပ်ကိုကြည့်တာပဲ ဒါပေမဲ့ ကိုကိုတစ်ယောက်လုံးကျွန်တော့်အရှေ့မှာရှိနေတော့ခါကျ မကြည့်ပဲလည်းမနေနိုင်ဘူးလေ"
"လုပ်ပါ နော် စာရအောင်လုပ်ပါ ငါ့ကိုနောက်မှအဝကြည့်ခိုင်းမယ် မင်း မေမေငါ့ဆီမှာအပ်ထားတာလည်း အလကားမှမဟုတ်ပဲ ပိုက်ဆံမဖြုန်းနဲ့"
"နောက်ကျရင် တကယ်အဝကြည့်ခိုင်းမှာလား"
"အင်း စာမေးပွဲဖြေပြီးလို့အမှတ်တွေကောင်းတဲ့နေ့ပေါ့"
"ဟုတ်ကဲ့ပါဗျ အဲ့ဒါဆိုစာကြိုးစားလိုက်ပါမယ်ဗျ"
နာရီလက်တံအတို ရှစ် ကိုထိုးတော့ သူ့ကိုစာပြန်နေတဲ့ ရစ်ခီအသံကရပ်သွားသည်။
"ရှစ်နာရီထိုးပြီ ကိုကို နောက်နေ့မှဆက်ပြန်မယ်"
"ဟ မရဘူး အခုအကုန်အပြီးဆိုသွား"
"အခုအကုန်အပြီးဆိုသွားမယ်ဆို နောက်နေ့ကျ ကျောင်းသွားတာရော ကျောင်းပြန်တာရော ကျွန်တော့စက်ဘီးနဲ့လိုက်ရမယ်"
"မလိုက်ချင်ဘူး မင်းအတွက် ဝန်ပိုတယ် ကိုယ့်ဘာသာ အရင်လိုကားနဲ့သာ သွားပါ"
"ကိုကိုကလည်းးး ခု စာလည်းအပြီးဆိုမယ် နောက်လည်းစာကြိုးစားမယ်လေ နော်"
"ရန်လည်းမဖြစ်နဲ့ အဲ့ဒါဆိုလိုက်မယ်"
လိုက်မယ် ဆိုတဲ့စကားကြားမှရစ်ခီက သူ့သွားတွေပေါ်အောင်အထိပြုံးနိုင်တော့တယ်။
"ဟုတ်ကဲ့ပါဗျ"
စာအုပ်တွေသိမ်းပြီး ရစ်ခီကို အိမ်အရှေ့ထိကျန်းဟောက်ကလိုက်ပို့သည်။အိမ်ပြင်ရောက်တော့မှ တစ်ခုခုကို သတိရသွားတာမလို့ ကျန်းဟောက်က ခဏ ဆိုပြီးအိမ်ထဲပြေးဝင်သွားတယ်။စက္ကန့်ဝက်လောက်ကြာတော့ အပြေးလေးပြန်ထွက်လာပြီး လက်ထဲမှာတစ်ခုခုယူလာတာကို ရစ်ခီသတိထားမိလိုက်သည်။