part 1

9.8K 304 16
                                    

unicode
ပထမဆုံးတွေ့ဆုံမှု
........

လျှပ်စီးကြောင်းတို့တဖြတ်ဖြတ်လက်နေသလို မိုးသည်းထန်စွာ ရွာသွန်းနေသည့် နေ့တစ်နေ့.... လမ်းမကြီး၏ ပလက်ဖောင်းအတိုင်း တရွေ့ရွေ့လျှောက်လှမ်းနေသည့် လူတစ်ဦး၏ ခြေလှမ်းတို့ဟာ ဒရိုင်းဒရိုင်နှင့်။ အမိုးအကာမပါသည့်တိုင် ထိုလူဟာ မိုးရေထဲ လျှောက်လှမ်းနေရသည်ကို သဘော ကျနေဟန်ရှိသည်။...သို့ပေမဲ့လဲ ကောင်းကင်ကြီးနှင့်အပြိုင် ပြိုလုစဲစဲမျက်နှာဟာ..မိုးရေတို့တစ်စတစ်စထိမှန်လာသည့်တိုင် နာကျင်မှု ဝမ်းနည်းမှု အရှုံးပေးမှုဟူသည့် စကားတစ်ချို့ဟာ ဖော်ပြစရာမလိုသည်လောက်အောင်ပင် ပေါ်လွန်နေခဲ့ပြန်သည်။...

"မယားငယ်သား.."
"ဂ​ြိုလ်ကောင်.."
"နင်က ေပျာ့တိပျော့ဖက်နဲ့မြင် ရတာ ကျက်သရေယုတ်တယ်.."

စသဖြင့် နားထဲသို့ တစ်စတစ်စဝင်လာသည့် အသံတို့ဟာ ခြိမ်းနေသည့် မိုးသံတို့တောင် ထိုး၍မဖောက်နိုင်။..

kim အိမ်၏မျိုးဆက်တစ်ဦးဖြစ်သည့်တိုင် ဘဝဟာ ချောင်ထိုးခံရုံသာသာ... မိမိဘဝမှာ မေမေဆုံးသွားသည့်အချိန်မှစ၍ အချစ်ခံရသည်ဆိုသည်က ဘာမှန်းမသိ။

နာကျင်ပါစေဟူသည့်စိတ်နှင့်လျှောက်လှမ်းလာသည့် ခြေလှမ်းတို့ဟာ ဖိနပ်တို့သည်ကလဲ ဘယ်အချိန်ကတည်းမှပင် ကျွတ်ကျန်နေခဲ့မှန်းမသိ တဖြည်းဖြည်းနှင့်နာကျင်လာသည့် ေခြဖဝါးဟာ သွေးခြေများပင် ဥနေသယောင်ယောင်။..

"အ့..."
ခွေရိုင်သွားသည့် ခြေတစ်လှမ်းကြောင့် ေခြကျင်းဝတ်မှ နာကျင်မှုဟာ ဆစ်ခနဲ။..
ဝတ်ထားသည့် အနက်ရောင် ဂျာကင်လေး၏ အတွင်းအိတ်ကပ်ထဲ၌ ရှိသည့် ပမာဏအနဲငယ်ပါသည့် bankကဒ်လေးတစ်ခုဒါဟာလဲဖေဖေ လတိုင်းလာပေးနေကျ သူ၏ခပ်နည်းနည်းမုန့်ဖိုးလေးတစ်ခုပင်။...
အနီးစပ်ဆုံးအနား၌ရှိသည့် bar တစ်ခုအတွင်းသို့ ထုံထိုင်းနေသည့် ေခြလှမ်းတို့ဖြင့် ဝင်လိုက်သည်နှင့် အားလုံး၏ အကြည့်တို့ဟာ kim taehyung ဆိုသည့် မိမိထံမှာ။..ကြည့်လဲကြည့်ချင်စရာ မိမိတစ်ကိုယ်လုံးဟာ မိုးရေတို့ဖြင့်ရွဲစိုနေသလို လူဟာလဲ ကြွက် စုတ်သာသာရယ်ပင်....

YOURS (Completed)Where stories live. Discover now