unicode
ဂျောင်ကု အိမ်သို့ပြန်ရောက်ပြီး အတန်ကြာသည်အထိ ရောက်မလာသေးသည့် အကို့ကြောင့် စိတ်ပူရပြန်သေးသည်။ ဧည့်ခန်း၌ အရှေ့နောက်လျှောက်လျှက် ဖင်တကြွကြွနှင့် ဂနာမငြိမ် တကယ်ဆို ယူရှင်းအား ဆေးထည့်ပေးပြီးသည်နှင့်ထွက်လာခဲ့ပေမဲ့ အကိုဟာ ရှိမနေတော့။ ဒီတစ်ကြိမ်တော့ အကို့အား သူတကယ် စိတ်တိုမိသည်။ ဘယ်လောက်ပင် သဝန်တိုစေအုံး လူတစ်ဖက်သား ကိုယ်ထိ လက်ရောက်ကျူးလွန်သည်က ကောင်းသည့်အရာမှမဟုတ်ဘဲ။ အကို့အား မယုံကြည်သည် မဟုတ်ပေမဲ့လဲ ယူရှင်းဟာလဲ ငယ်စဥ်ကထဲမှပင်ပေါင်းသင်းလာခဲ့သူမို့ ညာမည်မဟုတ်မှန်းလဲ သူသိပါ၏။
"အကို ဘယ်တွေသွားနေတာလဲ..."
" ကျစ်.."
စိတ်ပူပူနှင့် စုပ်တစ်ချက်သပ်လိုက်ပြီးနောက် ဆိုဖာထက် ခြေပြစ်လက်ပြစ်ထိုင်ချလိုက်သည်။..
ရှုပ်နေသည့်စိတ်ကြောင့်ပင် ဆံပင်တို့အား ထိုးဖွပြစ်လိုက်သည်။..မကြာမှီ အိမ်ရှေ့၌ ကားရပ်သည့်အသံကြားသည်မို့ အပြင်ထိ ထွက်ကြည့်လိုက်၏။
ကားပေါ်မှ ဆင်းလာသည့် အကိုနှင့်အမျိုးသားတစ်ယောက် အကို့အား ဖေးမတွဲကာ ခြံထဲသို့အတူတူဝင်လာသည်မို့ ဂျောင်ကု မကြည်လင်နေသည့်စိတ်ဟာ ပို၍ပင် လောင်စာပေးလိုက်သလို။" ဘယ်ကနေပြန်လာတာလဲ"
မိမိရှေ့သို့ ရောက်လာသည့်အခါ မျက်မှောင့်ကျုံလျှက်မေးမိသည့်ဂျောင်ကု။..
ဂျောင်ကု မျက်နှာထားကြောင့် ထယ်ယောင်းအနဲပင် စိတ်ရှုပ်သွားရသည်။ သို့ပေမဲ့ သူ ဦးငယ်ရှေ့မှာ အိမ်ထောင်ရေး မပြေမလည်ဖြစ်နေသည်ကို မပြချပါ.. ဘယ်လောက်ပင် ဂျောင်ကုနှင့်ပြသာနာဖြစ်ထားပါစေအုံး ချိုသာသည့်အပြုံးလေးတစ်ခုအား ဖန်တီးလိုက်သည်။ ထို့နောက်...
" ဦးငယ်...ဒါကကျွန်တော့် အမျိုးသားလေ ဂျောင်ကုတဲ့"
" ဂျောင်ကု ဒါ ငါ့အမေရဲ့မောင်အရင်း ဂျောင်ဟိုဆော့တဲ့.."
နှစ်ဦးနှစ်ဖက်အား အပြန်လှန်မိတ်ဆက်ပေးလာသည့်အခါ တစ်ဖက်လူအား မအီမလည်နှင့်လက်ဆွဲနှုတ်ဆက်ရသူက ဂျောင်ကုရယ်ပင်။ ဘယ်ရယ်မဟုတ်ဘဲ ဦးလေးအရင်းကိုမှ သဝန်တိုမိသွားသည့်သူ တိုလဲ တိုချင်စရာ အကို့ဦးလေးဆိုသူက သိပ်ပြီးခန့်ညားလွန်းနေသည်မလား။
YOU ARE READING
YOURS (Completed)
FantasyJeon Jungkook +Kim Taehyung ဘဝမှာမြတ်မြတ်နိုးနိုးနဲ့နေကြာပင်လေးတစ်ပင်ကိုပျိုးထောင်ခဲ့ဖူးတယ်