unicode
အဝါရင့်ရောင် suit လေးအား လိုက်ဖက်စွာ ဝတ်ဆင်ထားသည့် အကိုဟာ အခုချိန်ထိ မှန်တင်ခုံရှေ့မှ မထ ။ တစ်ခုခုအား.စိုးရိမ်ပူပန်နေသလို ခေါင်းကလေးငုံလျှက် လက်ချောင်းအချင်းချင်းအား ပွတ်လိမ်ကာ စဥ်းစားခန်းဖွင့်နေသည်။..
”အကို..ကျွန်တော့်ကို ကြယ်သီးတပ်ပေး..”
ဂျောင်ကုစကားကြောင့်ပင် မော့ကြည့်လာသည့် ထယ်ယောင်း မျက်နှာဟာ တစ်ခုခုအားစိုးရိမ်ပူပန်နေဟန် ။ ချက်ချင်း သက်ပြင်းတစ်ချက်ချလျှက် ဂျောင်ကု အကျင်္ ီဆီသို့လက်လှမ်း၏။..ထိုလက်ကလေးအား ချက်ချင်းဆုပ်ကိုင်လိုက်ပြီး ဂျောင်ကု မိမိရင်ဘတ်ဆီသို့ ပို့လိုက်သည်။
”အကို...”
”ဟင်...”
”စိတ်လှုပ်ရှားနေတာလား...”
”အင်း...နဲနဲပါ...”
”အကို့ဘေးမှာ ကျွန်တော်ရှိနေမှာပါ...”
”အင်း...ငါမင်းအနားမှာဘဲနေမယ် ဂျောင်ကု”
”အကိုက သိပ်လှတာဘဲ ကျွန်တော်လေ ခေါ်တောင်ခေါ်မသွားချင်တော့ဘူး...”
ွအရည်လဲ့နေသည့် မျက်ဝန်းများဖြင့်ကြည့်ကာ ပြောလာသည့် စကားကြောင့် ထယ်ယောင်း စိုးရိမ်စိတ်တို့ပျောက်ကာ မျက်စောင်းကလေးထိုး၏။..
”အဲ့တာဆို...ငါမလိုက်တော့ဘူးလေ ဂျောင်ကု..”
”ဟာ...အဲ့လိုတော့ဘယ်ရမလဲ အကိုရဲ့ အကိုကို တမင်မိတ်ဆက်ပေးချင်လို့ ခေါ်တာလေ အကိုပါမှ ဖြစ်မှာပေါ့..ကျွန်တော့် နေကြာငယ်က ဘယ်လောက်တောင် လှရက်သလဲ ကြွားချင်သေးတာ..”
”အပိုတွေသိပ်ပြောတာ...မင်းက”
”တကယ်ပါဆို... ကျွန်တော့်ဘဝမှာ အကို့လောက်အနုစိတ်ဆန်ပြီးလှတဲ့လူမမြင်ဖူးဘူး...”
”ဒါဆို မင်းက ငါ့ကို လှလို့လက်ထပ်တာပေါ့...”
”အကိုကဗျာ...စကားကိုအထအန သိပ်ကောက်တာဘဲ..”
ညူတူတူ စကားဖြင့် ညီးတွားကာ ပြောလိုက်သည်မို့ ထယ်ယောင်း ပါပြုံးမိလိုက်ပြီး ဂျောင်ကု suit လေးအား အပြီးသပ် ကြယ်သီးတို့အား တပ်ပေးလိုက်သည်။..
YOU ARE READING
YOURS (Completed)
FantasyJeon Jungkook +Kim Taehyung ဘဝမှာမြတ်မြတ်နိုးနိုးနဲ့နေကြာပင်လေးတစ်ပင်ကိုပျိုးထောင်ခဲ့ဖူးတယ်