part 3

3.7K 211 3
                                    

unicode

”ဂျွန် အဲ့မှာဘာလုပ်နေတာလဲ..”

ခနတာတိတ်ဆိတ်သွားသည့်အနေထားအား ဖြိုခွင်းလိုက်သည့်ခပ်ဆူးဆူးအသံရယ်။
ဂျောင်ကု အရှ​ေ့က အညိုရောင်လေးဆီမှ အကြည့်ခွာရင်း အသံလာရာအားကြည့်မိတော့ မိမိနှင့်သဘောတူ ထားသည့် ကင်မ်ဆိုယောင်းဆိုသည့်သူမ။..

ထယ်ယောင်းနှင့်ဂျောင်ကုရှိရာသို့ လျှောက်လှမ်းလာသည့် ကင်မ်ဆိုယောင်းတစ်ယောက်ဟာလဲ ေဘးမှဂျောင်ကုရှိနေသည့်တိုင် ကင်မ်ထယ်ယောင်း အားအကြည့်စူးစူးတို့ဖြင့် တစ်ချက်ကြည့်ကာမဲ့သည်။..ထို့နောက် ဂျောင်ကုဖက်သို့ လှည်ကြည့်ရင်း အပြုံးနုနုတို့ဖြင့် စကားတစ်ခွန်းဆိုလိုက်သည်။

”ဂျွန်က အပြင်ထွက်သွားတော့ တစ်ခုခုများဖြစ်လို့လားလို့ ဒို့ကစိတ်ပူပြီးလိုက်လာတာ...”

”အာ...အဲ့လိုမဟုတ်ပါဘူး...”

အထူးအလည် ဖြေရှင်းချက်မပေးချင်သည်မို့ ဂျောင်ကု ထိုအတိုင်းသာဖြေ၏။..

”ခြံထဲမှာ ဘာမှထွေထွေထူးထူးတော့ မရှိဘူးရယ် ဂျောင်ကု ပျင်းနေရင် ဒို့အဖော်လုပ်ပေးမယ်လေ လူကြီးတွေစကားဝိုင်းထဲဝင်မလာချင်ဘူးဆိုရင်ပေါ့...”

”အဲ့လိုမဟုတ်ပါဘူး ကျွန်တော်ခုဘဲ အိမ်ထဲ ​ြ​​​ပန်ဝင်တော့မလို့ပါ ဒါနဲ့သူက..”

စကားဝိုင်းထဲတို့ ဝင်မပါသည့်တိုင် ထယ်ယောင်းအား ကြည့်ရင်း မေးလာသည့် ဂျောင်ကုကြောင့် ဆိုယောင်းမျက်နှာဟာ ကွက်ခနဲပျက်သွားရသည်။..

”ကင်မ်ထယ်ယောင်း လို့ခေါ်ပါတယ်..”

သူမ မဖြေသည့် အဖြေအား ဖြေလာသူက ထယ်ယောင်းပင်။

”ကဲပါ..ဂျွန်ရဲ့ အထဲဝင်တော့မယ်မလား ဝင်ကြရအောင်လေ..”

ဂျောင်ကု လက်မောင်းတစ်ဖက်အား အတင်းတွယ်ဖက်ရင်း ပြောလိုက်သည့် ဆိုယောင်းဟာ ထယ်ယောင်းနှင့်ဂျောင်ကု ရင်းနှီးသွားမည်ကို လုံးဝ မလိုလားသည့်ပုံစံမျိုးနှင့် ဒါကို ထယ်ယောင်းအတပ်သိပေမဲ့ ဂျောင်ကုဟာက ခေါင်းသာတစ်ချက်ငြိမ့်လိုက်ရင်း...

”ဒါဆို ကျွန်တော့် ကိုသွားခွင့်ပြုပါအုံးနော် ”

”အင်း...”

YOURS (Completed)Where stories live. Discover now