unicode
နှာခေါင်းအတွင်းသို့ တဖြေးဖြေးတိုးဝင်လာသည့် ပိုးသတ်ဆေးနံ့ကြောင့် သတိဟာ ရတစ်ချက်မရတစ်ချက်။ ဗိုက်နားဆီမှ ခပ်စူးစူးနာကျင်မှုကြောင့် တဖြည်းဖြည်းနှင့် အသိကပ်လာရသည်။.... ကလေးငိုသံ ခပ်သဲ့သဲ့လေးအားလဲ ကြားနေရသေးသည်။
တစ်စုံတစ်ယောက်၏ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်သည်ကို ခံထားရသည့် လက်တစ်ဖက်ကြောင့် လေးပင့်နေသည့် မျက်ခွံတို့အား ဖြည်းဖြည်း ချင်းဖွင့်ချမိလိုက်သည်။..မိမိလက်အား တင်းတင်းကျပ်ဆုပ်ကိုင်လျှက် ကုတင်စောင့်စွန်း၌ အိပ်ပျော်နေသည့်မောင်...။
ထယ်ယောင်း အခန်းအတွင်းသို့ မျက်ဝန်းဝေ့ဝဲကာ ကြည့်မိလိုက်တော့ ဆေးရုံခန်းတစ်ခုမှန်းအတတ်သိလိုက်သည်။အသိနှင့်သတိယှဥ်တွဲကာ ဦးနှောက်အား အလုပ်ပေးမိလိုက်သေးသည်။
အဲ့ညက သူဗိုက်နာပြီး မွေးချင်နေခဲ့တာမလား? ကျန်လက်တစ်ဖက်ဖြင့် ဗိုက်အား တို့ထိကြည့်သည့်အခါ ခပ်ပြားပြားဗိုက်ကလေးကြောင့် မျက်ဝန်းတို့အား ထပ်မံအလုပ်ပေးလိုက်သည်။...ဟော...တွေ့ပါပြီ ပုခက်သေးသေးလေးထဲ တအီအီငိုနေသည့် ကလေးလေး သေချာပေါက် ေမာင်နဲ့သူရဲ့ ကလေးလေးဘဲဖြစ်မှာ။
"မောင်..."
ကလေးငိုနေသည်မို့ ထယ်ယောင်း အင်အားတို့ကုန်ခမ်းနေသည့်ကြားမှ ခပ်တိုးတိုးလေးခေါ်လိုက်သည့်အခါ။ တလှုပ်လှုပ်နှင့်နိုးလာသည့်မောင်။..
"မောင်..."
ထပ်မံခေါ်လိုက်သည့် အသံအဆုံးမှာတအံတဩနှင်းကြည့်လာပြီးနောက် ချက်ချင်း ပွေ့ဖက်လာသည့် သူရဲ့မောင်။..
"နောက်ဆုံးတော့....အချစ် သတိရလာပြီ..မောင့်ဆီကို ပြန်လာပြီ.."
ထူးထူးဆန်းဆန်း စကားတို့ပြောကာ ငိုချလာသည့် ဂျောင်ကုရယ်ပါ။ ထိုစကားတို့ကြောင့် ထယ်ယောင်းမှာ မအူမလည်လေးနှင့် သာ...
"ငါက ဘယ်မှမသွားဘူးလေမောင်ရယ်..."
"အချစ်...နောက်တစ်ခါဆို အချစ်ကလေးထပ်မမွေးနဲ့တော့.."
တောက်လျှောက်အထူးအဆန်းစကားတို့ပြောနေသည့် ဂျောင်ကုကြောင့် ထယ်ယောင်းတကယ်ပင်နားမလည်နိုင်တော့။..
YOU ARE READING
YOURS (Completed)
FantasyJeon Jungkook +Kim Taehyung ဘဝမှာမြတ်မြတ်နိုးနိုးနဲ့နေကြာပင်လေးတစ်ပင်ကိုပျိုးထောင်ခဲ့ဖူးတယ်