part 20

3.4K 208 11
                                    

unicode

"မောင်တို့ ကွာရှင်းကြရအောင်အကို..."

လှမ်းနေသည့် ေခြလှမ်းတို့ပင် ရုတ်တရက်ရပ်တန့်သွားရသလို ထယ်ယောင်းရင်ထဲ၌လဲ ဗြောင်းဆန်သွားရသည်။..
ပူထူသွားသည့် စိတ်ကြောင့် ခြေလှမ်းတို့အား အားတင်းကာ ဂျောင်ကု အနားသို့ရောက်အောင်သွား၏။..

"မောင်...ဘယ်နေရာက နေမကောင်းဖြစ်လို့လဲဟင်"

ပါးပြင်နှစ်ဖက်အား ခပ်ဖွဖွလေးကိုင်တာပြောလိုက်သည်။..မော့ကြည့်လာသည့် ဂျောင်ကု မျက်ဝန်းတို့ဟာ..အရာရာကိုအရှုံးပေးနေသလို နာကျင်ကြေကွဲနေသည်။..

"မောင်တို့...ကွာရှင်းရအောင်.."

"မောင်...မင်းမဟုတ်တာတွေကွာ.."
ကျလု ဆဲဆဲမျက်တို့အား နှုတ်ခမ်းပါးတို့ ပြတ်ထွက်မတတ်ကိုက်လျှက် ထယ်ယောင်းထိန်းလိုက်သည်။..

"ဆိုယောင်း...စကားတွေကို မောင်ကြားသွားတာများလား.."
တွေးစစဖြင့် ထယ်ယောင်း ရွေရွတ်လိုက်သည့်အခါ စိတ်ပျက်အားငယ်စွာ ငုံရှိုးသွားသည့် ဂျောင်ကု၏မျက်နှာ။..

"ဟုတ်နေတာဘဲ...မောင် ငါ့ကိုကြည့်စမ်း.."

"မောင်တို့ ကွာရှင်းလိုက်တာ အကောင်းဆုံးပါဘဲ အကို..."

ဂျောင်ကု မျက်နှာအား တစိမ့်စိမ့်ကြည့်ကာ ထယ်ယောင်းပြောပေမဲ့ မျက်နှာချင်းပင်ဆိုင်မလာသည့် ဂျောင်ကုဟာ ထိုစကားကိုသာ တတွတ်တွတ်ပြောနေ၏။..

"မင်းဘယ်လိုဖြစ်နေတာလဲ ဂျောင်ကု..ငါတို့က ဘာကိစ္စကွာရှင်းရမှာလဲ....."

"ကျွန်တော့်ကြောင့်အကိုဒုက္ခတွေများနေပြီ... ဒါက အကောင်းဆုံးနည်းလမ်းပါဘဲ ကျွန်တော်တို့ကွာရှင်းကြမယ်အကို..."

အဝေးသို့သာ ငေးစိုက်ကြည့်​ပြောနေသည့် ဂျောင်ကု ကြောင့် ထယ်ယောင်း ရင်ထဲမွန်းကျပ်လာရသည်။..

" မကွာရှင်းဘူး ဂျောင်ကု မင်းဘာတွေဖြစ်နေတာလဲ မောင်ရာ သိပ်မကြာ​သေး တဲ့အချိန်ကတောင် မင်းနဲ့ငါ အဆင်ပြေနေသေးတယ်လေ ဆိုယောင်း စကားတွေကို မင်းကြားခဲ့တယ်ဆိုရင်တောင် ဒါက ဂရုစိုက်စရာမှမလိုတာ..သူက ငါ့ကိုအနိုင်လိုချင်လို့ တမင်ပြောတဲ့စကားလေ မောင်ရယ်..."

YOURS (Completed)Where stories live. Discover now