part 9

3.4K 199 7
                                    

unicode

ပုံမှန်မဟုတ်သည့် အမျိုးသားနှစ်ဦး တည်ဆောက်ထားသည့် အိမ်ထောင်ရေးဖြစ်သည့်တိုင်.. ထယ်ယောင်းအဖို့တော့ သူယခု အိမ်ထောင်ရေးအား သာယာသည့်အိမ်ထောင်ရေးအဖြစ်သို့ တည်ဆောက်ချင်ပါသည်။
မေမေလို အဖြစ်မျိုးလဲ မကြုံချင်သလို မွေးလာသည့် သားသမီးတို့ရှိသည့်အခါ သူသေချာပေါက် မေတ္တာအပြည့်အဝပေးပြီးချစ်ပေးမည်ပင်။..
ယခုထိ ထုတ်မပြောရသေးသည်က မိမိမှာ မွေးရာပါ သားအိမ်ပါလာသည့် အကြောင်းကိုပင်။ သိပ်ကို ထူးဆန်းလွန်းသည့် ကိစ္စဖြစ်ပေမဲ့ ဂျောင်ကု နားလည်အောင်တော့ တဖြည်းဖြည်းချင်း ရှင်းပြရအုံးမည်။ လက်ရှိမှာ သူဂျောင်ကုအား အားကိုးချင်သည်။ မှီတွယ်ချင်သည်။ အခုချိန် မှာ သူအယုံကြည်ရဆုံးသူကလဲ ဂျောင်ကု တစ်ယောက်ထဲပင်။..

”အကို ကျွန်တော်နဲ့တကယ်မလိုက်ဘူးလား..”

”အင်း မလိုက်ဘူးလို့...”

အိမ်ထောင်တစ်ခု စသည့်အခါ အိမ်ထောင်ဦးစီးနေရာ ယူထားသည့် ဂျောင်ကုဟာ J group အား ဦးစီးပြီး ထယ်ယောင်းမှာတော့ အိမ်နောက်တာဝန်ယူရုံသာ။ kim group တိုသည်ကလဲ အစထဲမှပင် မိမိနှင့်မသက်ဆိုင်သလို ဘာလိုလား တပ်မက်မှုမှလဲ ထယ်ယောင်းမှာ ရှိမနေခဲ့။..

”အိမ်မှာ တစ်ယောက်ထဲ အကိုပျင်းနေလိမ့်မယ် ”

ကုမ္ပဏီသို့ သွားရမည့် ဂျောင်ကုအား necktie လေးအား အကျအန တပ်ပေးရင်း ဂျောင်ကု ပြောလာသည့် စကားကြောင့် taehyung မော့ကြည့်လာသည်။..

”အိမ်မှာလဲ အိမ်အလုပ်တွေရှိပါတယ်... အားတဲ့အခါ ပန်းချီဆွဲနေမယ် အဲ့တာဆိုမပျင်းတော့ဘူး...အဲ့ကိုလိုက်လာရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ပိုပြီး ယောင်နနဖြစ်နေမှာ..”

”အင်းပါ...အကို့ သဘော..ကျွန်တော် ညနေကျ စော​ေစာပြန်ခဲ့ပါ့မယ်...”

”အင်း...”

necktie တပ်ခြင်းအား အပြီးသပ်ပြီးသည့်နောက်မှာ ထယ်ယောင်း ခေါင်းကလေးငြိမ့်ဖြေလိုက်သည့်အခါ ေခါင်းစောင်းကာ မိမိပါးပြင်လေး နှစ်ဝင်သွားသည်အထိ နမ်းရှိုက်လာသည့် ဂျောင်ကုရယ်ပါ။..

YOURS (Completed)Donde viven las historias. Descúbrelo ahora