part 12

3.1K 192 12
                                    

unicode

သောကတို့ ရှိရင် ပူလောင်ရတယ်တဲ့ ဒါကြောင့်မို့လဲ အခုတလော ထယ်ယောင်း..ဂျောင်ကုအပေါ် ယုံကြည်၍သာ အရာရာကို လျစ်လျူရှုပြီး အချစ်နှင့်မေတ္တာတို့ကိုသာ ပုံအောပေးအပ်ထားသည်။ ဂျောင်ကု ကလဲ သူ့လိုဘဲ ဖြစ်ပါလိမ့်မယ် ဘယ်လောက်ပင် အလုပ်များနေပါစေအုံး အမြဲဂရုတစိုက်ရှိတတ်သည်မို့ ထယ်ယောင်း ကျေနပ်မိပါသည်။..

ညနေခင်း...ဂျောင်ကု အလုပ်မှ ပြန်လာသည်ကို စောင့်နေတတ်သည်ကလဲ အကျင့်တစ်ခုလိုဖြစ်နေပြီး ဂျောင်ကုကြိုက်တတ်သည့် အရာလေးတို့အား ချက်ကျွေးရသည်ကလဲ သူ့အတွက် ပျော်ရွှင်စရာအတိ။

သို့ပေမဲ့လဲ..ထယ်ယောင်း ဒီကနေ့ နေလို့မကောင်းသည်မို့ အိပ်ရာထဲ၌သာ ခွေနေမိသည်။ သာမန်နေမကောင်းသည်မျိုးမဟုတ်ဘဲ..လူက ငြီးစိစိနှင့် မူးဝေနေသည်။ တစ်ခါတစ်ခါ ရင်ဘတ်ထဲမှ ပျို့တက်လာသည့် ခံစားချက်ကြောင့် လူက နုံးချိနေပြီ။..မူမမှန်တော့သည့်အနေထားမို့ ထယ်ယောင်း အသင့်ဆောင်ထားခဲ့သည့် ဆီးစစ်တံနှင့်အတူ ရေအိမ်သို့ဝင်ကာ ဆီးစစ်လိုက်သည့်အခါ ေပါ်လာသည့် အနီနှစ်ကြောင်း။..

ရင်လဲ လှုိက်ခနဲ တက်လာသည့် ဝမ်းသာမှုကြောင့် မျက်ရည်များပင် ဝဲတက်လာရသေးသည်။ သူ..မောင့် ရင်သွေးလေးကို လွယ်ထားရပြီတဲ့လေ။..

ဝမ်းသာအားရနှင့်ပင် ဆီးစစ်တံလေးအား အပေါ်ထပ်အကျင်္ ီီ၏အိပ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။ ဂျောင်ကု ပြန်လာမည့်အချိန်အား တွေးစရင်း စိတ်လှုပ်ရှားမိသလို ထိုစကားအား ကြားသည့်အခါ ဖြစ်လာမည့် ဂျောင်ကု၏ အမူအရာအားတွေးလျှက် ရင်လဲခုန်မိပါ၏။..

" မောင်.... စောစောပြန်ခဲ့နော်...ပြောစရာရှိတယ်.."

ထူးထူးဆန်းဆန်း ထယ်ယောင်း ဂျောင်ကုထံ message လေးပင်ပို့လိုက်သေး၏ ။ သို့ပေမဲ့ ဂျောင်ကုထံမှ ပြန်စာတော့ ရောက်မလာခဲ့ ။ ထယ်ယောင်း ထိုအကြောင်းလေးအတွက် စိတ်မညစ်ပါဘူး..သူ့မောင်ဟာ..သိပ်အလုပ်များတဲ့ လုပ်ငန်းရှင်ကြီးလေ ။.
..
..
..
ညနေ ဂျောင်ကု ပြန်ရောက်သည့်အချိန်ရောက်သည်နှင့် ထယ်ယောင်း အောက်ထပ်ရှိ ဧည့်ခန်း၌ အသင့်စောင့်နေလိုက်သည်။ ..

YOURS (Completed)Where stories live. Discover now